(1)

133K 5.3K 275
                                    

Unicode
( Scroll down for Zawgyi)

နေရာက XM ဟူသော Barတစ်ခု၌။

အဆင့်အတန်းမြင့်မားသော နေရာဖြစ်သည်နှင့်အညီ အတွင်းပိုင်းအပြင်အဆင်မှာလည်း လွန်စွာခေတ်မီခမ်းနားလှသည် ။ Unpluggedစင်တင်တီးဝိုင်းလည်းရှိသည်ဖြစ်ရာ စားပွဲဝိုင်းတိုင်းတွင်လည်း လူအပြည့်နေရာယူလျက်ပင် ။ ရောင်စုံဆလိုက်မီးများ ပြိုးပြိုးပြက်ပြက်ထွန်းလင်းနေသကဲ့သို့ တေးဂီတသံကလည်း သာယာငြိမ့်ညောင်းစွာ ထွက်ပေါ်လျက်ရှိနေသည် ။

အရောင်အသွေးစုံစွာ ဝတ်စားပြင်ဆင်ထားကြသော လူငယ်လူရွယ် ကျားမ မရွေးမှာလည်း ထိုဂီတသံစဉ်များအား တငြိမ့်ငြိမ့်နားဆင်ကာ အလိုက်သင့်စီးမျောနေလေသည် ။ အချို့မှာသောက်စားကာ ဘေးနားရှိ ပျိုမဒီအလှများနှင့် ကြည်နူးသာယာနေသကဲ့သို့ အချို့မှာမူ စကားများဖောင်ဖွဲ့ပြောဆိုနေကြသည် ။

ကောင်တာရှေ့တည့်တည့်တွင် ငါးထစ်ခန့်သာတက်ဆင်းရသော ကော်ဇောနီခင်းထားသည့် လှေကားတစ်ခုရှိသည် ။ ထပ်ခိုးမမည်သည့် ခပ်မြင့်မြင့်အပိုင်းကို နှစ်ထပ်ပုံသဏ္ဍာန် ဖွဲ့စည်းထားခြင်းဖြစ်သည် ။ ထိုတစ်ထပ်လုံးကို သီးသန့်ဧည့်သည်များသာ လက်ခံသည့်အနေဖြင့် VIPဟူ၍ ဆိုင်းဘုတ်ငယ်လေးကို ပိုးကြိုးအနီများဖြင့် ချိတ်ဆွဲထားသည် ။

ထိုVIPအထပ်ရှိ အလယ်ကျသောဝိုင်းတစ်ခုတွင်မူ လူလေးယောက်ဝိုင်းဖွဲ့ကာ ထိုင်နေလေသည် ။ အတိအကျဆိုရသော် ခပ်ချောချောနှင့် ကြည့်ကောင်းလှသည့် လူငယ်လေးများပင် ။ ထိုသူတို့၏ဟန်ပန်မှာ ကြည့်လိုက်သည်နှင့်ပင် ချမ်းသာကြွယ်ဝသည့် အသိုင်းအဝိုင်းများ တစ်ခုခုမှဖြစ်မည်မှန်း သိသာလွန်းလှသည် ။ အခြားဝိုင်းများကသူများပင် သူတို့လေးဦးကို သဘောတကျနှင့် မျက်စတပစ်ပစ် တငေးတမောရှိနေကြသော်သည်း သူတို့မှာတော့ စိတ်ဝင်စားကြပုံမပေါ် ။

'' ချီးယားစ် ''

ထိုဝိုင်းမှ ဖန်ခွက်ချင်းတိုက်သံများ၏နောက်တွင် စကားသံအချို့ ထွက်ပေါ်လာသည် ။

" သျှံမင်းဆက် ''

ကောင်လေးတစ်ယောက်က နာမည်တစ်ခုကိုခေါ်လိုက်ရာ အမည်ရှင်ဖြစ်ဟန်တူသည့် လူက မေးဆတ်ပြလေသည် ။

A Love Like No Other [Completed] Where stories live. Discover now