(6)

35.6K 4K 212
                                    

Unicode

" Boss Bossနဲ့ ဖုန်းပြောချင်လို့တဲ့ ''

ပွဲရှိသည်ဖြစ်၍ သူ့ဖုန်းကို ဆက်နိုင်အား ပေးထားခဲ့တာပင် ။ ဆက်နိုင်ကမ်းပေးလာသော ဖုန်းကိုယူကာ ကိုင်လိုက်သည် ။ ဘယ်သူဆက်သည်မှန်း မေးမနေတော့ ။ သီးသန့်ကိုင်သည့် ဖုန်းနံပါတ်ကို ဆက်လာသည်ဆိုတည်းက အရေးကြီး ပုဂ္ဂိုလ်ဖြစ်မည်မှန်း သေချာသည် ။

" Hello… သျှံမင်းဆက်ပြောနေပါတယ် ''

သျှံမင်းဆက်ဖုန်းဖြေလိုက်တော့ တစ်ဖက်မှ ချက်ချင်းပြန်မထူး ။ သို့ကြောင့် ဆက်နိုင်ကိုလှမ်းကြည့်၍ မေးဆတ်လိုက်သည် ။ ဆက်နိုင်ကပြောမည်အပြု တစ်ဖက်မှဖြေလာသည် ။

" အန်ကယ်က ဦးရဲရွှေလှသွင်ပါ ''

သျှံမင်းဆက် မျက်ခုံးတို့ပင့်ကာသွားရသည် ။ ဦးရဲရွှေလှသွင်ဆိုတာ နယ်နယ်ရရမဟုတ် ။ နိုင်ငံ၏ အချမ်းသာဆုံး စာရင်းဝင်ငါးဦးထဲမှ နံပါတ်သုံးချိတ်သည့် သူတစ်ယောက်ပေ ။ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာသည့် သူ့ချမ်းသာကြွယ်ဝမှုများက ခန့်မှန်း၍မကုန် ။ မြေးတစ်ယောက်ရှိသည်ဟုသာသိထားကြပြီး ဘယ်သူဘယ်ဝါမှန်းမထုတ်ပြခဲ့ဖူးပေ ။

ဦးရဲရွှေလှသွင်ပိုင်သည့် The Golden Bell Groupမှာ တတိယနေရာက မဆင်း ။

ထိုကဲ့သို့သော အရေးကြီးပုဂ္ဂိုလ်တစ်ဦးထံမှ သျှံမင်းဆက်အား တိုက်ရိုက်ဆက်သွယ်လာပါသောကြောင့် အထူးအဆန်းဖြစ်သွားရသည် ။ ဖုန်းနံပါတ်ကို ဘယ်ကရသနည်းဟု မေးခွန်းထုတ်စရာမလိုတော့ ။ သည်လိုလူမျိုးအတွက် မဖြစ်နိုင်တာ မရနိုင်တာဟူ၍ မရှိ ။

ဦးရဲရွှေလှသွင်နှင့် လုပ်ငန်းကိစ္စနှင့်စပ်လျဉ်း၍ ပွဲများအစည်းအဝေးများတွင် ဆုံဖူးသော်လည်း ပုဂ္ဂိုလ်ရေးအရတော့ မရင်းနှီး ။ သျှံမင်းဆက်၏ဖခင် ဦးဘုန်းသျှံနှင့်တော့ သိကျွမ်းသည်ဆိုလျှင် ပိုမှန်နိုင်သည် ။ ယခုလိုဆက်သွယ်လာသည်မှာလည်း တော်ရုံကိစ္စမဖြစ်နိုင် ။ စိတ်အာရုံကိုစုစည်းကာ လေးစားသမှုဖြင့် ဖြေလိုက်သည် ။

A Love Like No Other [Completed] Where stories live. Discover now