(11)

30.1K 3.1K 115
                                    

Unicode

သွင်မှူးအိမ် အိမ်သို့ပြန်ရောက်တော့ ဦးလေးဂျွန်က အပြေးထွက်လာကာကြိုသည် ။

“ မှူးလေး… မနေ့က အဆင်ပြေရဲ့လား ၊ မုန်တိုင်းသတင်းကြားပြီး စိတ်ပူနေတာ ’’

“ ဘာမှမဖြစ်ပါဘူး ဦးလေးဂျွန်ရဲ့… အခုတောင် ပြန်ရောက်လာပြီပဲ အဘိုးရော… ‘’

“ ဥက္ကဋ္ဌကြီးက ရှယ်ယာရှင်အစည်းအဝေးရှိလို့ လွန်ခဲ့တဲ့တစ်နာရီကပဲ ကုမ္ပဏီကိုသွားပါပြီ ’’ သွင်မှူးအိမ်ခေါင်းညိတ်လိုက်ပြီး အခန်းရှိရာသို့တက်လာခဲ့သည် ။

နေ့လယ်မှ ဆိုင်သို့လာမည်ဖြစ်ကြောင်း ငြိမ်းစုသက်ကို ဖုန်းဆက်ပြောလိုက်ပြီး အဝတ်အစားလဲကာ အိပ်ရာထက်မှေးစက်လိုက်သည် ။ ဆယ့်တစ်နာရီလောက်တွင် နိုးလာပြီး တစ်ခါတည်းနေ့လယ်စာစားလိုက်ကာ ဆိုင်သို့ ထွက်လာလိုက်တော့သည် ။ တစ်ရက်တာပျက်ကွက်ခဲ့သည့် အလုပ်များကိုလည်း အတိုးချလုပ်ရင်း တစ်နေ့တာကို ဖြတ်သန်းခဲ့သည် ။

အချိန်မှာ သုံးရက်မျှ ကုန်လွန်သွားခဲ့ပြီ ။ သည်နေ့တွင် ကြိုတင်အမှာအော်ဒါလက်ခံထား၍ ဆိုင်ရောက်တည်းက မနားတမ်းပြင်ဆင်နေရသည် ။ အလုပ်များကို အပြီးသတ်ပြီးချိန်တွင် ခါးတွင်ချည်ထားသော အေပရွန်ကြိုးကိုဖြည်ကာ နံရံတွင် ချိတ်ထားလိုက်၏ ။

“ ဘယ်လိုလဲ ပြီးပြီလား ‘’

ဟိန်းသူထွဋ်မှ မေးလာခြင်းဖြစ်သည် ။ သူတို့ဆိုင်ကို ကောင်လေးတစ်ယောက်မှနေ၍ နှင်းဆီအပွင့်တစ်ထောင်ပါသောပန်းစည်းအား အော်ဒါအပ်ထားပြီး ယနေ့ညနေ ငါးနာရီခွဲတွင် လာယူမည်ဟု ပြောထားသောကြောင့်ပေ ။

“ အင်း ပြီးပြီ ၊ ဘယ်လိုလဲ ကြည့်ကြဦး လှရဲ့လား… ‘’
သွင်မှူးအိမ်မေးလိုက်တော့...

“ လှတာပေါ့ဟာ သိပ်လှ… အမလေး ငါတို့လည်း ဒီလိုSurprises Giftမျိုး ဘယ်တော့မှရမလဲမသိဘူး ‘’

ငြိမ်းစုသက်က သူပြင်ထားသော ပန်းစည်းကိုကြည့်ကာ အားတက်သရောပြောလေသည် ။

“ နင်က ကိုယ့်ဘာသာ Surprisesပြန်လုပ်ယူရမယ့်သူမျိုး ‘’

“ ဟဲ့ တစ်နေ့ဖြစ်လာမှာပေါ့ မဦးမချွတ်တွေ… ‘’

A Love Like No Other [Completed] Where stories live. Discover now