(27)

24.3K 2.5K 116
                                    

Unicode

စင်ပေါ်သို့တက်ကာ နှုတ်ဆက်စကားပြောလိုက်သည်နှင့် ခန်းမထဲရှိလူအကုန် ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည် ။ သတင်းထောက်များကလည်း ဓာတ်ပုံတဖျတ်ဖျတ်ရိုက်ကြသလို အချင်းချင်းလက်တို့ကာ တီးတိုးပြောကုန်ကြလေ၏ ။

" ဥက္ကဠကြီးဗျ… မေးခွန်းအနည်းငယ် မေးလို့ရမလား ''

ဆူညံနေသောအသံများကိုထိုးဖောက်ပြီး သတင်းထောက်တစ်ယောက်၏အသံထွက်လာကာ ပြောလေသည် ။ လူတွေ၏အာရုံစိုက်မှုက ထိုသတင်းထောက်ထံသို့ ရောက်သွားတော့သည် ။ ဦးရဲရွှေလှသွင်က ခေါင်းညိတ်လိုက်ကာ...

" မေးပါ... ''

" ရုတ်တရက်ကြီး မြေးဖြစ်သူကို ဘာလို့ လူတွေရှေ့ပွဲထုတ်ရတာပါလဲ ။ ပြီးတော့ ဒီကိစ္စက Dynasty Groupနဲ့ လုပ်ငန်းပူပေါင်းတာနဲ့ရော သက်ဆိုင်နေသေးလား သိချင်ပါတယ် ''

ဦးရဲရွှေလှသွင်က ချက်ချင်းအဖြေမပြန်သေး ။ နောက်ထပ်သတင်းထောက်တစ်ယောက်က ထပ်မေးလာသည် ။

" ကိုသွင်မှူးအိမ်လို့သိရပါတယ်... The Golden Bellရဲ့ တစ်ဦးတည်းသောအမွေဆက်ခံသူအနေနဲ့ ရှေ့ဆက်ပြီး ဘယ်လိုအစီအစဉ်တွေရှိနေပါသလဲ ။ ခုလိုမျိုး လူတွေရှေ့ ရုတ်တရက်ကြီးထွက်လာပြရတဲ့အတွက် ဘယ်လိုခံစားရပါသလဲ ။ ဒီမတိုင်ခင်ကရော ဘာတွေလုပ်နေခဲ့သလဲဆိုတာပါ ဖြေပေးလို့ရမလားဗျ ''

သွင်မှူးအိမ်ကိုဦးတည်လာသော မေးခွန်းများဖြစ်ပေသည် ။ သူတို့မြေးအဘိုး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး...

" ဟုတ်ပြီ ကျွန်တော့်ကိုမေးတဲ့မေးခွန်းကို အရင်ဖြေပေးပါမယ် ၊ ဟောဒီဘက်က လူငယ်လေးက… ကျွန်တော့်မြေးကို ဘာလို့ပွဲထုတ်ရသလဲ မေးတယ်နော် ။ အကြောင်းရင်းမရှိပါဘူး… ဆိုခဲ့သလိုပဲ ဒီကလေးဟာ ကျွန်တော့်မြေးပါလို့ လူတိုင်းကို လိုက်မပြောခဲ့တာပဲရှိတာပါ ။ အခုမှ ပွဲထုတ်လာတာမဟုတ်ပါဘူး သူနဲ့သက်ဆိုင်တဲ့နေရာကို သူရောက်လာတာပါ ။ နောက်တစ်ခု Dynastyနဲ့ဆိုင်နေသလားဆိုတာကိုတော့ CEOသျှံမင်းဆက်ဖြေပေးတာက ပိုကောင်းမယ် ထင်ပါတယ်.. ''

ဦးရဲရွှေလှသွင်က သျှံမင်းဆက်ကိုကြည့်ရင်းပြောလိုက်တော့ သူလည်း သဘောပေါက်စွာပင် ခေါင်းညိတ်ပြလိုက်သည် ။ သို့ပေမည့် သွင်မှူးအိမ်က မိုက်ခရိုဖုန်းအနားသို့ ကပ်သွားကာ...

A Love Like No Other [Completed] Where stories live. Discover now