(8)

31.4K 3.5K 160
                                    

Unicode

တံခါးခေါက်သံတဒေါက်ဒေါက် ကြားလိုက်ရပြီးနောက်...

“ ဦးလေးဂျွန်ပါ မှုးလေး… အဆင်သင့်ဖြစ်ပါပြီလား ၊ ဥက္ကဠကြီးက အဆင်သင့်ဖြစ်ရင် ဆင်းလာပါတော့လို့ ပြောခိုင်းပါတယ် ‘’

အခန်းတံခါးရှေ့မှနေ၍ပြောလိုက်သော ဦးလေးဂျွန်၏ အသံကြားရသဖြင့် သွင်မှူးအိမ်ပြန်ထူးလိုက်သည် ။

“ ဟုတ်ကဲ့ဦးလေးဂျွန်… ကျွန်တော် ခဏနေဆင်းလာခဲ့မယ်လို့ ပြောလိုက်ပါ ‘’

“ ကောင်းပါပြီ မှူးလေး ‘’

သွင်မှူးအိမ်ကိုပြန်ဖြေပြီး အခန်းရှေ့မှလှည့်ထွက်သွားသည့် ခြေသံတို့ကို ကြားလိုက်ရသည် ။ သည်နေ့က အဘိုးနှင့်အတူ သွားစရာရှိသည် ။ အခြားတော့ မဟုတ် ။ သျှံမင်းဆက်နှင့် လက်ထပ်ဖို့ကိစ္စအားဆွေးနွေးရန် လူကြီးချင်း မျက်နှာစုံညီ၍ လမ်းဖောက်ကြမည်ကြောင့်ပင် ။

သူ့အဘိုးက အပူတပြင်းနိုင်လွန်းသည်ဟု ထင်သည် ။ သျှံမင်းဆက်မှာ တစ်ပတ်အတွင်း သူ့မိဘတွေကို အကျိုးအကြောင်းပြောပြပြီး သူတို့နှင့်တွေ့ဖို့ စီစဉ်ပေးရတော့သည် ။ ဘယ်လိုပဲဟန်ဆောင်နေခြင်းဖြစ်ပါစေ ဇာတ်လမ်းမဆုံးခင်တော့ ပီပြင်အောင် ကကြရဦးမည်ပေ ။

ကုတင်ပေါ်တွင်တင်ထားသော ရှပ်အကျႌမိုးပြာရောင် ပြောင်လက်ရှည်နှင့် စတိုင်ပင်(န်)ခဲရောင်လေးကိုဝတ်ကာ ဆံပင်ကိုကြည့်ကောင်းရုံ သပ်သပ်ရပ်ရပ်လေးဖြစ်အောင် လက်ဖြင့်ထိုးဖွလိုက်၏ ။ မျက်နှာကိုတော့ လိမ်းနေကျခရင်(ခ်)တစ်မျိုးသာ  အနည်းငယ်သာလူးလိုက်သည် ။ သည်လောက်ဆို လုံလောက်ပါပြီလေ ။

ထို့နောက် စားပွဲပေါ်တင်ထားသော ဖုန်းကိုယူကာ အောက်ထပ်သို့ဆင်းလာလိုက်တော့သည် ။ ဧည့်ခန်းတွင်ထိုင်နေသော အဘိုးမှ သူ့ကိုမြင်သည်နှင့် ထိုင်ရာမှ ထရပ်လိုက်ပြီး...

“ ပြီးပြီလား ဒါဆို သွားကြရအောင် ‘’ ဟု ဆိုကာ အိမ်ရှေ့ဆင်ဝင်အောက်တွင်ရပ်ထားသော ဇိမ်ခံကားအနက်ရောင်ပေါ်သို့တက်သွားပြီး နောက်ခန်းတွင်ထိုင်လေသဖြင့် သူလည်း အဘိုး၏ဘေးတွင်ပင် ဝင်ထိုင်လိုက်ရသည် ။

A Love Like No Other [Completed] Where stories live. Discover now