အပြင်မှာမိုးကြီးလေးကြီးတွေချနေတာကြောင့်ထီးမယူတတ်သောဆူးကိုစိတ်မချတာကြောင့်...."သဲ....သမီးလေး မေမေ မာမီကိုသွားကြိုလိုက်ဦးမယ်....ဖွားဖွားနဲ့နေခဲ့နော်"
"ဟုတ်"
ခြူးလည်းမိုးထဲလေထဲကိုထီးလေးယူကာဆူးဆီသို့မောင်းထွက်လာသည်၊၊
"ဆူး....ထီးမပါဘူးလား"
"ဟုတ်....မိုးကခဏနေစဲတော့မှာပါ"
ရုံးကအမိုးအောက်လေးမှာခိုရင်းဆူးကလှမ်းပြောလိုက်သည်၊၊ထိုလူကဆူးနားသို့လာပြီး
"ကျွန်တော် လိုက်ပို့ပေးပါရစေ...""နေပါစေ..."
ထိုလူကချမ်းနေတဲ့ဆူးကိုသူ့အပေါ်ထပ်အင်္ကျီလေးချွတ်ကာခြုံပေးရင်း
"ဒါဆိုကျွန်တော်လည်းမပြန်ဘဲတူတူစောင့်ပေးမယ်"ဆူးကထိုလူရဲ့အင်္ကျီကိုမခြုံဘဲပြန်ပေးတော့သူကလည်းပြန်ခြုံပေးပြန်သည်၊၊
ရုတ်တရတ်မိုးခြိမ်းသံကြောင့်ထိုလူကဆူးနားလေးကိုပိတ်ပေးလိုက်သည်၊၊
တောက်စ်....
ထိုအပြုအမှုကိုမြင်သွားတဲ့ခြူးကကားပေါ်ကမဆင်းတော့ဘဲစိတ်ထင်ရာသို့မောင်းထွက်သွားလေသည်၊၊
"မာမီ...ဆူး ပြန်ရောက်ပြီ
သမီးလေး...သမီးမေမေရော""ဟွန်း....မာမီကိုသွားကြိုမယ်ဆိုပြီးထွက်သွားတာပဲလေ"
ဆူးဖုန်းကိုဆက်ကြည့်တော့ဆက်သွယ်မှုဧရိယာပြင်ပဆိုတဲ့အသံကိုသာကြားနေရသည်၊၊
ဆူးလည်း"လွှဲနေတာဖြစ်မယ်"ဆိုပြီးပေါ့ပေါ့လေးတွေးလိုက်သည်၊၊
ဆူးလည်းသမီးလေးအိပ်သွားတော့နာရီကိုကြည့်လိုက်လေသည်၊၊
ဖုန်းကိုထပ်ခေါ်ကြည့်တော့ဘာမှထူးခြားခြင်းမရှိပေ.....
ခဏကြာတော့....
ဒုန်း....ဒုန်း
တံခါးထုသံကြမ်းကြမ်းကြောင့်ဆူးလည်းအမြန်ဖွင့်လိုက်လေသည်၊၊
"မမ....အရက်တွေသောက်လာတာလား"
ခြူးဆီကအနံ့တွေကမွှန်ထူပြီးလူမှန်းသူမှန်းတောင်မသိတဲ့အခြေအနေ....