အပိုင်း(၁၁)

9K 447 6
                                    


"ကဲ....မထကြသေးဘူးလား
အချိန်ကိုလည်းကြည့်ကြပါဦး"

ဆူးရဲ့အာပြဲလျှာပြဲသံကြောင့်ခြူးတို့သားအမိနှစ်ယောက်အပျင်းကြောဆွဲပြီး
"အင်း...ထပြီ"
"၅မိနစ်နေထမယ် မာမီ"

ဆူးလည်းသူတို့ခြုံထားတဲ့စောင်ကိုဆွဲ
ယူပြီး"သဲနဒီခြူး....နင်လုပ်လုပ် ကျောင်းနောက်ကျရင်ကိုယ်ဖြစ်ကိုယ်ခံ ငါမပြောတော့ဘူး"

သမီးလေးက"မာမီ ကကြက်တူရွေးလားမသိတော်တော်နားငြီးတယ်"

ဆူးလည်းစောင်လေးကိုခေါက်ရင်း....
"ဘာ အမေလုပ်သူကိုပြောသွားသေးတယ်...သြော်...ဒီလောက်ပြောဆိုနေတာတောင်ရှင်ကအိပ်နိုင်သေးတယ်"

"ထပါပြီကွာ....ဆူညံ့နေတာခေါင်းတောင်မူးတယ်"ပြောပြီးအခန်းမှထွက်သွားလေသည်၊၊

"ကြည့်စမ်း...ကြည့်စမ်း
သားအမိနှစ်ယောက်လူကိုများပြောသွားလိုက်ကြတာ"

ခြူးတို့သားအမိရေမိုးချိုးပြင်ဆင်ပြီးတော့...

"လာကြ....ဒီမှာကော်ဖီနဲ့မုန့်ပြင်ထားတယ်"

ခြူးနဲ့သမီးလေးလည်းတူတူထိုင်လိုက်ကြသည်၊၊

"ဘာဖြစ်နေကြတာလဲမျက်နှာတွေကလည်းဆူပုတ်နေတာပဲ"

ခြူးလည်းကော်ဖီကိုတစ်ငုံသောက်လိုက်ပြီး"အိပ်ရာထခါစမို့လို့ပါဆူးရာ"

"သြော်...တော်တော်တရားကျပါတယ်
အစောကြီးထပြီးပြင်ဆင်ပေးရတဲ့သူကဘာမှမဖြစ်ရဘူး...ခုမှအိပ်ရာလေးထပြီးအဆင့်သင့်လေးနေရတဲ့သူတွေကတမိုင်မိုင်တတွေတွေနဲ့"

သမီးလေးကကိတ်မုန့်နှစ်ချပ်လောက်ပါးစပ်ထဲအတင်းထိုးထည့်ပြီးကော်ဖီအမြန်သောက်ချကာ"တီချယ် အမြန်ထတော့အခြေအနေမကောင်းတော့ဘူး"

"သြော်...အင်း..."

ခြူးလည်းကော်ဖီအမြန်သောက်ပြီးကလေးခြင်းတောင်းကိုယူကာ"ဆူး သွားပြီနော်"

"အေး...ပြေးကြ ပြေးကြ
ဒေါ်ခြူးလဲ့ဝေ တိုင်မှာချိတ်ထားတဲ့အိမ်သော့ယူသွားဦး"

"အင်း....ယူသွားပြီ"

ကားထဲရောက်တော့သမီးလေးက

အလျော်အစားWhere stories live. Discover now