"မမခြူး...မမ"
ခြူးလဲ့ဝေတစ်ယောက်နောက်ကတစ်ကောက်ကောက်လိုက်ခေါ်နေသောကလေးမကြောင့်တော်တော်လေးစိတ်ရှုပ်နေဟန်ဖြင့်လှည်ကြည့်ကာ
"မင်း ဘာလို့ငါ့နောက်ပဲလိုက်နေတာလဲ..."
ကလေးမလေးကခြူးစကားကြောင့်မျက်နှာငယ်လေးဖြင့်"နဝရတ်ခန်းမက ကာတွန်းပုံလေးတွေ ဆူး ကြိုက်လို့ပါမမရဲ့...အဲ့တာ ဒီစာအုပ်လေးထဲမှာဆွဲပေးပါလားဟင်"
ကလေးမလေးကပြောပြီးစာအုပ်လေးထိုးပေးတာကြောင့်
"ငါ မဆွဲပေးမချင်းနေ့တိုင်းမုန့်စားဆင်းချိန်တိုင်းဒုခပေးမှာမလား....
ဖအေနဲ့သမီးကတကယ့်တစ်ကိုယ်ကောင်းသမားတွေပဲ"ဆိုကာဆူးမြတ်ထက်ရဲ့ပန်းချီစာအုပ်လေးကိုဆောင့်ဆွဲကာထွက်သွားလေသည်၊၊
တစ်ဖက်မှာတော့ဘာမှမသိတဲ့ကလေးမတစ်ယောက်ကြောင်တောင်တောင်ဖြင့်ကျန်ခဲ့လေသည်၊၊
......................................................................
"ခြူးလေး...ခေါင်းမမာချင်စမ်းပါနဲ့ကွာ
ဒီ videoကိုလိုင်းပေါ်တင်လိုက်ရင် ခြူးပဲအရှက်ကွဲရမှာလေ...ဆရာ့စကားကိုနားထောင်မှပေါ့"ဆိုကာဦးမြတ်နိုင်တစ်ယောက်ခြူးလဲ့ဝေရဲ့အနားသို့ကပ်ပြီးပွတ်သတ်နေလေသည်၊၊
"မလုပ်ပါနဲ့ဆရာ...ဆရာ့မှာလည်းသမီးရှိတာပဲ...သားသမီးချင်းကိုယ်ချင်းစာပါ"
ခြူးလဲ့ဝေတစ်ယောက်ရုန်းသော်လည်းအားချင်းမမျှသော်ကြောင့်ဦးမြတ်နိုင်ရဲ့လက်မှာကျရှုံးရပြန်သည်၊၊
"ဒီမှာခြူး....ငါ့ကိုအာခံဖို့မကြိုးစားနဲ့
အာခံတာနဲ့နင့်ဘဝပျက်ပြီသာမှတ်"......................................................................
"ဒယ်ဒီ..."
"ပြောလေ သမီးလေး"
"ဆူး ရေဘူးလေး မနေ့ကပြုတ်ကျပြီးကွဲသွားတယ်"
"သမီးကလည်း 6တန်းပဲရောက်နေပြီ...ရေဘူးမသုံးနဲ့တော့လေ...အဲ့ဒီသမီးသုံးတဲ့ပိုက်နဲ့ရေဘူးကသူငယ်တန်းလေးတွေသုံးတာ"
"ဟင်း...မရဘူး မရဘူး ဒယ်ဒီ ဝယ်ပေး"
"ကဲ...ပြောမရလည်းဝယ်ပေးပါ့မယ်"
လိုချင်တာရသွားတော့မှဆူးတစ်ယောက်ကျေနပ်သွားတော့သည်၊၊
"မမ....မမခြူး"
"နင်...လာပြန်ပြီလား
ငါတို့၁၀တန်းအဆောင်နဲ့၆တန်းကျောင်းသူနဲ့ဘာဆိုင်လဲ""မမကလည်း.."
"အင်းလေ...မင်းဖအေရှိတော့လည်း
မင်းဖအေ ဆီလာတာလား""အာ...မဟုတ်ပါဘူးမမဆီလာတာပါ
ဟိုနေ့ကပန်းချီစာအုပ်လေးရပြီလားဟင်""ရော့ ..."
"ဟီး...ပျော်လိုက်တာ ဆူးက မမ ဆွဲတဲ့ပုံလေးတွေဆိုသိပ်ကြိုက်တာ" ဆိုကာ စာအုပ်လေးတွေကိုခပ်မြန်မြန်လေးလှန်လောကြည့်လေသည်၊၊
"ဝိုး...လှလိုက်တာမမရယ် ကျေးဇူးပါနော်"
ကျောင်းခေါင်းလောင်းသံကြောင့်ဆူးသွားဖို့ပြင်တော့
"ဟေး ...ကျေးဇူးနဲ့တော့ဘယ်ရမလဲ
မင်း တစ်ခုခုပြန်ပေးရမှာပေါ့"ခြူးစကားကြောင့်မျက်လုံးလေးဝိုင်းစက်ကာ"ဟမ်...ဘာပေးရမှာလဲမမ"
ခြူးတစ်ယောက်ခပ်မဲ့မဲ့ပြုံးလိုက်ပြီးဆူးဆံပင်တွေကိုသူမလက်ချောင်းတွေနဲ့ထိုးဖွပြီး
"အခုတော့မဟုတ်သေးဘူး....တစ်နေ့ကျ"
"ဟမ်"
"မင်း သွားလို့ရပြီ"
"ဟုတ်...သွား...သွားပြီနော်"
ဆူး တစ်ယောက်စာအုပ်လေးကိုကိုင်ပြီး ပြေးသွားလေသည်၊၊
ဆူးမြတ်ထက်...ဆူးမြတ်ထက်
မင်းဖအေကြောင့်မင်းဘဝလည်း........
ဟားဟား.....ခြူးတစ်ယောက်စိတ်ထဲမှတွေးရင်းပြုံးနေလိုက်သည်.....
......................................................................
ဆူးမြတ်ထက်တစ်ယောက်ယောင်ချာချာဖြင့်"ဟိုအမ....ဒီမှာထိုင်တဲ့မခြူးလဲ့ဝေကိုတွေ့မိလားရှင်"
"သူ ကျောင်းပြောင်းသွားပြီကြားတယ်ညီမလေး"
"ဟွန့် ...ဟုတ်လားအမ
၁၀တန်းကအရေးကြီးတယ်လေ...မမခြူးကဘာလို့ချက်ချင်းကြီးပြောင်းသွားတာလဲမသိဘူး""အဲ့တာတော့အမလည်းမသိဘူး...ညီမလေး"
"ဟုတ်ကျေးဇူးပါ"
မမရယ်...
မပြောမဆိုဘဲနဲ့ဘာလို့ထွက်သွားရတာလဲဟင်....