"မာမီ....ဒါဘယ်လဲ"
ပျာရိပျာယာနဲ့အထုပ်တစ်ထုပ်နဲ့သွားဖို့လုပ်နေသောအမေဖြစ်သူကိုမေးလိုက်သည်၊၊
"ညည်းဦးလေး နှလုံးဖောက်လို့ဆေးရုံတင်ထားရတယ်....အဲ့တာလိုတာလေးတွေသွားကူမလို့"
"နေပါဦးမာမီ...ဆူးလည်းလိုက်မယ်လေ"
"ကလေးကဖျားနေတာကိုဘယ်ကိုလိုက်မှာလဲ....အိမ်တံခါးတွေသေချာပိတ်နော် မာမီစိတ်ချမယ်"
ပါးစပ်ကစက်သေနတ်ပစ်သလိုမှာချင်ရာမှာနေတော့ဆူးလည်းခေါင်းညိမ့်လိုက်လေသည်၊၊
"သဲ...."
"နိုးပြီလား...."
ဆူးဖက်လိုက်တာကိုသမီးကရုန်းပြီး
"မာမီကိုမုန်းတယ်"
"ဘာ....အမေကိုဘယ်လိုပြောလိုက်တာလဲသဲ"
ဒေါက်....ဒေါက်
တံခါးခေါက်သံကြောင့်.....
ဆူး မှန်ဘီလူးကနေကြည့်လိုက်တော့....
တံခါးကိုမဖွင့်ပေးတော့ဘဲပြန်ဝင်လာလိုက်လေသည်၊၊
ဆက်ပြီး
ဒေါက်...ဒေါက် တံခါးထုသံကြောင့်
"ဘယ်သူလဲမာမီ"
"ဘယ်သူမှမဟုတ််ဘူး"
"လာ....ဆန်ပြုတ်သောက်ရအောင်သဲ"
ထပ်ပြီး ဒေါက်... ဒေါက်... ဒေါက် ......
ကလေးမလည်းသိချင်စိတ်ဖြင့်ဘေးကကော်ခုံလေးကိုယူပြီး တံခါးနားသို့.....
မှန်ဘီလူးကနေကြည့်လိုက်တော့
"တီချယ် ပါလား"
သမီးဖြစ်သူဖွင့်မယ်လုပ်တော့
"မဖွင့်နဲ့...."
ဆူး ပြောသော်လည်းနောက်ကျသွားခဲ့ပြီ...
"သမီး...."
"တီချယ် "
"သမီး သက်သာရဲ့လား...," နဖူးလေးကိုစမ်းပြီးမေးလိုက်လေသည်၊၊
"နည်းနည်းသက်သာပါတယ်....တံခါးပြန်ပိတ်ပေးပါတီချယ်"
"အင်း...ဟုတ်ပါပြီ"
သူတို့သားအမိနှစ်ယောက်ကိုဆူးလက်ပိုက်ကြည့်နေရင်း
"ရှင် ဘာလာလုပ်ပြန်တာလဲ"