"မာမီ သဲကော်ဖီသောက်ချင်တယ်"ကွန်ပျူတာတစ်လုံးနှင့်အလုပ်ရှုပ်နေသောကြောင့်စိတ်မရှည်စွာဖြင့်
"သဲရယ်....မာမီဒီမှာအလုပ်ရှုပ်နေတယ်
ဖွားဖွားကိုသွားဖျော်ခိုင်း"မျက်နှာဆူပုပ်ပုပ်ဖြင့်ဂါဝန်လေးကားယားကားယားဖြင့်ထွက်သွားပြီး
"ဖွားဖွား သဲကော်ဖီသောက်ချင်တယ်"ကလေးကကော်ဖီမသောက်ရဘူး...
ရင်တုန်တတ်တယ်မြေးလေးရဲ့
ဒီလိုလုပ်ဖွားဖွားအိုဗာတင်းဖျော်ပေးမယ်လေ"ဟင်း...မရဘူး သဲကော်ဖီပဲကြိုက်တာ"
မာမီရေ...ဖျော်ပေးလိုက်ပါ
မာမီမြေးကဒါဆိုဒါပဲ....
သဲ နောက်မသောက်ရတော့ဘူးနော်....ဆူး အလုပ်တစ်ဖက်ဖြင့်လှမ်းပြောလိုက်လေသည်၊၊
ထိုအခါကျမှသမီးဖြစ်သူကပြုံးနိုင်တော့သည်၊၊
နာရီကိုကြည့်လိုက်တော့....
"သဲ...သွားအိပ်တော့လေသမီး"
"ဟင်း...မာမီကိုစောင့်မှာ"
"မာမီ ဒီမှာအလုပ်တွေမပြီးသေးဘူး
သမီးက မနက်ကျကျောင်းသွားရမှာ....
လိမ္မာပါတယ်သွားအိပ်ချေသွား""မာမီ မအိပ်ရင်သဲလည်းမအိပ်ဘူး"
ဆူးလည်းအိပ်ချင်နေတာကိုပေတေနေတဲ့သမီးကိုချီပြိးအခန်းသို့.....
..................................................................."သဲနဒီခြူး....
မာမီ သဲကိုဘယ်နှခါပြောရမလဲ
ဘာလို့စာမလုပ်ဘဲပုံပဲဆွဲနေတာလဲ""မာမီ စိတ်မဆိုးပါနဲ့...သဲ ဒီပုံလေးပြီးရင်စာကျက်ပါ့မယ်"
သဲနဒီခြူး...သဲနဒီခြူး
ခေါင်းမာချက်ကတော့တစ်ထေရာတည်းပဲ
..................................................................
မှတ်တိုင်တစ်ခုတွင်ဘစ်စကားစောင့်နေရင်း...ဆူး....
"ဟုတ်...ကိုနေလင်း"
ကားပေါ်တက်ပါ...ကျွန်တော်လိုက်ပို့ပေးပါ့မယ်
"ရတယ်ကိုနေလင်း...ဆူး ဘစ်စကားပဲစောင့်လိုက်ပါ့မယ်...ဝင်စရာလေးလည်းရှိလို့ပါ"