အပိုင်း(၂)

8.5K 476 11
                                    

"ခြူး ..."

"တီလေး...Black Coffee တစ်ခွက် သံပုရာသီးနှစ်စိတ်လောက်ညစ်ပေးနော်" လက်နှစ်ချောင်းလေးထောင်ပြီးလွတ်တဲ့ဝိုင်းတစ်ခုမှာနေရာယူလိုက်သည်၊၊

အဒေါ်ဖြစ်သူဆိုင်ကိုဆယ်ခါရံမှတစ်ခါပေါ်တာကိုခုလည်းကြည့်....ဒင်းကစာအုပ်နဲ့နှစ်ပါးသွားလေတာ....

အပြင်မှာမိုးစက်လေးတွေကြောင့်ဆိုင်ကတေးသွားလေးတွေကပိုပြီးအသက်ဝင်လာသယောင်....ဒီထက်ပိုအသက်ဝင်လာတာတော့ဆူးမြတ်ထက်ဖြစ်လိမ့်မည်....

Tshirt လေးတစ်ထည်နဲ့ဂျင်းဘောင်းဘီလေးကသာမန်လူတွေအတွက်ရိုးချင်ရိုးလိမ့်မည်၊၊ ခြူးလဲ့ဝေအတွက်တော့သိပ်ကိုပြည့်စုံလွန်းနေသည်၊၊

"ဟို...မမ coffee ရပြီ"

သူမကိုတချက်မှလှမ်းမကြည့်ဘဲစာအုပ်ကိုသာအာရုံစိုက်နေရင်း" အင်း...ထားခဲ့လေ"

နှစ်တွေသာပြောင်းသွားပေမဲ့မိမိအပေါ်အေးစက်တဲ့မမရဲ့အကျင့်ကတော့အရင်အတိုင်းပါပဲ.....

ဆူးမြတ်ထက်အားတင်းပြီး" ဟို...မမ"

ထိုအခါကျမှသူမရဲ့ဖတ်လက်စစာအုပ်လေးကိုခေါက်ပြီးကျွန်မဆီမော့ကြည့်လိုက်လေသည်၊၊

"ဟို....ဆူးကို ...မမမှတ်မိလားဟင်"

ကျွန်မစကားကြောင့်သူမမျက်ခုံးလေးအနည်းငယ်တွန့်ချိုးပြီးစာအုပ်လေးကိုခုံနဲ့ဖြေးဖြေးခေါက်လိုက်ကာ

"တို့ကို ပုံလာလာဆွဲခိုင်းတဲ့အရှုပ်ထုပ်မလား"

အရှုပ်ထုပ်...,အရှုပ်ထုပ်တဲ့လား
၆နှစ်လောက်ဒီလူကတွေ့ချင်လွန်းလို့ဒီလိုနေ့မျိုးစောင့်မျှော်ခဲ့သည်ကိုသူမဆီကကြားရတဲ့စကားကရင်ထဲတော့ခက်ရခက်သား....

"ဒါဆို ဆူးကိုမှတ်မိတာပေါ့ "

"ဒီမှာ မင်းမှာပြောစရာမရှိတော့ရင် မင်းအလုပ်မင်းသွားလုပ်ပါ...တို့လည်းစာဆက်ဖတ်ပါရစေ"

သူမရဲ့နှင်ထုတ်ခြင်းကြောင့်ခေါင်းညိတ်ကာထွက်လာရသောမိမိအဖြစ်...သူမကိုတွေ့ချင်လွန်းလို့ဒီဆိုင်မှာအလုပ်သင်ဝန်ထမ်းအဖြစ်လုပ်ခဲ့တာ....သူမရဲ့ပန်းချီကားတွေအိမ်နံရံမှာကပ်ပြီးရူးခဲ့တာ ဒါတွေပြောပြချင်လည်းသူမနားထောင်ချင်သည်မဟုတ်ပေ၊၊

ကျွန်မအလုပ်တစ်ဖက်လုပ်ရင်းသူမကိုငေးကြည့်မိသည်၊၊

ကောက်စရာမလိုတဲ့နဂိုလှိုင်းလေးတွေပါတဲ့သူမဆံပင်လေးကသိပ်ကိုလှသည်၊၊စာအုပ်ကိုသဲကြီးမဲကြီးဖတ်လိုက်ရှေ့က ခါးသက်သက်coffee ကိုသောက်လိုက်နှင့်အလုပ်ရှုပ်နေဟန်...

ကျွန်မကတော့ဒီလိုအရသာမရှိတဲ့အရာကိုမကြိုက်တတ်ဘူး...ခုလိုမိုးစက်မိုးပေါက်လေးတွေကြားမှာနွားနို့ပူပူလေးကပိုအရသာရှိလိမ့်မယ်ထင်သည်၊၊

"အန်တီ ...ဆူးပြန်ပြီနော်"

"မိုးကခုပိုသဲနေပြီဆူး...ထီးရောပါရဲ့လား
တော်ကြာဟိုတစ်ခေါက်ကလိုဖျားနေဦးမယ်"

"ရပါတယ်အန်တီရယ်...ဆူး ကထီးဆောင်ရတာမကြိုက်ဘူး....မိုးရေချိုးရတာပေါ့နော်...သွားပြီ"

ကျွန်မလည်းလက်ပြနှုတ်ဆက်ပြီးဘေးလွယ်အိတ်လေးကိုခေါင်းကိုဆောင်းလိုက်ကာကလေးငယ်တစ်ယောက်လိုမိုးရေထဲပြေးသွားလိုက်သည်၊၊

တီ...တီတီ

နောက်ကဟွန်းကအဆက်မပြတ်တီးနေသောကြောင့်ကျွန်မရပ်လိုက်ပြီး

"ဟေး....လာ ကားပေါ်တက်"

မိုးသံတွေကြောင့်သိပ်မကြားရသောကြောင့်ကျွန်မအသံကိုအနည်းငယ်မြှင့်ပြီး

"မမ ...ဘာပြောတာလဲ"

"မင်းကို ကားပေါ်တက်လို့ပြောနေတာ"

"ဆူး ကရေတွေနဲ့...မမကား..."

ကျွန်မစကားမဆုံးခင်မှာပဲ

"ငါ ပြောနေတာမကြားဖူးလား....တက် ဆိုတက် လာ အထွန့်တက်မနေနဲ့"

သူမဆီကခပ်ကျယ်ကျယ်အသံနှင့်စိတ်မရှည်ခြင်းများကပ်ပါသယောင်....

"ဟုတ်...."

"ဘယ်ကွေ့ရမှာလဲ...."

"ဟို ရှေ့နားမမ...."

ခဏကြာတော့

"ကျေးဇူးတင်ပါတယ်မမ"

"မလိုဘူး...
မိုးရေထဲမှာရူးကြောင်ကြောင်နဲ့အမြင်မတော်လို့"

"ရှန်...
အမ် ဟုတ်...အဲ့ဆို ဆူးသွားပြီနော်"

"အင်း"

သူမကားလေးနောက်ပြန်လှည့်ကာထွက်သွားသော်လည်းကျွန်မမှာတော့လက်ပြလို့မဆုံးဖြစ်နေလေသည်၊၊

"ဒီမျက်နှာလေးကိုတွေ့ရဖို့ဘယ်လောက်တောင်စောင့်ခဲ့ရလဲ....တွေ့တော့လည်းတစ်စက်မှအကောင်းမပြောတာမမအကျင့်ပဲလား...ဆူး ကံပဲလား မပြောတတ်တော့ပါဘူး"

ဆူးမြတ်ထက်...ဆူးမြတ်ထက်
ကံဆိုးခြင်းတွေမကြာမီလာမည်....
ဟားဟား.....

အလျော်အစားWhere stories live. Discover now