"ကိုနေလင်း....ဆူးကိုပြောစရာရှိတယ်ဆို""ကျွန်တော်ဆူးကိုချစ်တယ်
ဘဝသစ်ကိုကျွန်တော်နဲ့အတူတူပြန်စကြရအောင်""ကျွန်မတို့ခင်မင်မှုမပျက်စေချင်ရင်
နောက်ဒီလိုစကားမျိုးဘယ်တော့မှမပြောမိပါစေနဲ့ကိုနေလင်း.....ကျွန်မကိုခွင့်ပြုပါဦး""ဆူး...."
..................................................................
"ကလေးတို့....ကိုယ့်စိတ်ကူးထဲကပုံကိုဆွဲကြည့်ပါ"
"ဟုတ်ကဲ့တီချယ်"
ခြူးလဲ့ဝေလည်းတစ်တန်းလုံးလှည့်ပတ်ကြည့်ခြင်း....
"သမီး....ဒါဘယ်သူတွေလဲ"
ကလေးပေါက်စကသူမကိုမော့ကြည့်ပြီး
"သဲတို့မိသားစုပုံ"ခြူးလဲ့ဝေလည်းကိုယ်လည်းကိုကိုင်းပြီး
"ဒါဘယ်သူလဲ""ဒါလေးကမာမီ...
ဒါလေးကတော့သဲ...
ဒါလေးကဖွားဖွား...
ဒါလေးကသေသွားတဲ့ဖိုးဖိုး...
ဒါလေးကဖွားလေး"တစ်ခုချင်းစီအသက်ရှုမနားပြောနေတဲ့သမီးဖြစ်သူကိုကြည့်ပြီး
"သမီးမာမီနားမှာနည်းနည်းလွတ်နေတယ်...ဒီလိုလုပ်ပါလား
တီချယ်ကိုသမီးမာမီနားမှာဆွဲပေးပါလား""ဟင်း...မရပါဘူး ဒါမိသားစုပုံ"
"အေးပါကွယ်...နှုတ်ခမ်းကြီးဆူမနေပါနဲ့မဆွဲလည်းရတယ်နော်"
"ဟုတ်"
ကိုင်ပေါက်ချင်စရာလေး...
နှုတ်ခမ်းထော်ပြီးရန်တွေ့နေတာပုံက
ဘယ်သူနဲ့တူလို့ဒီလောက်စွာရတာလဲ....မုန့်စားဆင်းချိန်ခေါင်းလောင်းတီးသံကြားတော့....
"သဲနဒီခြူး...."
"ရှင်"
"ထမင်းချိုင့်ယူပြီးတီချယ့်ဆီလာခဲ့"
"သဲကသူငယ်ချင်းတွေနဲ့စားမို့...တီချယ်ကဘာလုပ်မို့လဲ"
"ယူလာဆိုယူလာ"
မျက်နှာလေးရှုံပြီး"ဟုတ်"
သူမရဲ့ပန်းချီခန်းသို့....
"ဘာလို့မျက်နှာကြီးဆူပုတ်နေတာလဲ"
"သဲကသူငယ်ချင်းတွေနဲ့တူတူစားမလို့ကို..."