"အမေလုပ်သူကထီးယူပါပြောလည်းမရ.....
ကိုယ်ကတစ်ခုခုဆိုအဖျားကဝင်ပြီ.....
ထီးလေးအိတ်ထဲထည့်ရတာဘယ်လောက်များပင်ပန်းသွားမှာမို့လို့လဲ""မာမီကလည်း"
"မာမီကလည်းလုပ်မနေနဲ့.....
ခုဆန်ပြုတ်ကိုကုန်အောင်သောက်
ပြီးကျဆေးသောက်ရမယ်""ရပါတယ်...ဆူးသောက်လိုက်မယ်
မာမီသွားနားတော့လေ""မသွားပါဘူး....ညည်းရုပ်ကဆေးသောက််မယ့်ရုပ်လား...ကျူပ်ရှေ့မှာသောက်မှ"
"ကဲ...ဒီသားအမိတွေ
မင်းလည်းတော်တော့....
ဆူးသမီးဆန်ပြုတ်လေးသောက်ပြီးဆေးလေးသောက်လိုက်နော်....နောက်ထီးယူသွားမှာပေါ့သမီးရယ်""ဟုတ်ကဲ့ပါဒယ်ဒီ"
အမေဖြစ်သူနဲ့အဖေတို့ထွက်သွားတော့မှ ဆန်ပြုတ်လေးသေချာမှုတ်ပြီးTVလေးကြည့်ကာစားနေသည်၊၊
ရုတ်တရက်ကြားလိုက်ရသောဖုန်းringtoneကြောင့်စားပွဲပေါ်မှဖုန်းကိုလှမ်းယူလိုက်သည်၊၊
"ဟဲလို"
"ရူးကြောင်ကြောင်လိုမိုးရေထဲလျှောက်သွားတော့ခုဖျားပြီမလား"
"ရှန်..."
ဒီအသံကကျွန်မသိပ်ရင်းနှီးသလို
ဒီလိုလေသံမျိုးသူပဲရှိသည်မလား.......သေချာအောင်
"ဟို....ဘယ်သူလဲမသိ""ရော်....မင်းခေါင်းပါမကောင်းတော့တာလားအရှုပ်ထုတ်ရဲ့"
ကျွန်မလည်းစားလက်စပန်းကန်ကိုစားပွဲပေါ်လှမ်းတင်ကာဖုန်းကိုအာရုံစိုက်ရင်း
"မမလား...မမခြူးမလား
ဆူး ဖုန်းကိုဘယ်လိုသိတာလဲဟင်""ဟော...ကိုယ့်အဒေါ်ဆိုင်ကလူရဲ့ဖုန်းကိုရှာရခက်မလား"
သူမပြောလည်းပြောချင်စရာ
ကျွန်မရဲ့တုံးအချက်ကတကယ့်ကိုပြိုင်စံရှားပဲ...."ခုဘယ်လိုလဲ သက်သာလား"
ရုတ်တရက်ကြင်နာပြသောသူမစကားကြောင့်ကျွန်မနှုတ်ခမ်းထောင့်လေးတွန့်ချိုးသွားလိုက်တာ....အဲ့လောက်တောင်သူမကိုသဘောကျမိသည်လား
"ဟုတ်သက်သာမှာပါ
တစ်ရက်နှစ်ရက်လောက်နေရင်ကောင်းသွားမှာပါ"