"သွား၃၂ဖြီးပြီးကောင်မတစ်ကောင်နဲ့သာယာနေတာမလား"
"ဆူး စာအုပ်ကျန်ခဲ့လို့အဲ့ကောင်မလေးကလိုက်ပေးတာပါ"
"စာအုပ်ကျန်ခဲ့ရလောက်အောင်ဘယ်လောက်တောင်စပ်စလူးထနေလဲမှမသိတာ"
"မမ.....ဆူးသိက္ခာကိုမစော်ကားပါနဲ့
ဆူးကဘာတွေလုပ်နေလို့လဲ""မင်းကျောင်းတက်စရာမလို့တော့ဘူး"
"မမအဲ့လိုမလုပ်ပါနဲ့စာမေးပွဲလည်းနီးနေပါပြီ"
"မလိုချင်ဘူး"
"အဝေးသင်လေမမရာ.....
ဒါလေးဖြေပြီးနောက်ဖြေခါနီးမှအနီးကပ်တက်ရမှာပါ""မတက်နဲ့တော့လို့ငါပြောနေတယ်လေ"
"ဒါဆူးကိုမမသက်သက်အနိုင်ကျင့်တာ
ဆူးကျောင်းတက်တာမမကိုဘာများထိခိုက်သွားလို့လဲ"ခြူးတစ်ယောက်ကားကိုလမ်းဘေးထိုးရပ်လိုက်ကာ
"ဟာ...စောက်စကားကိုရှည်နေတာပဲ
ငါကမတက်နဲ့ဆိုမတက်နဲ့ပေါ့
အတွန့်ကလာတက်နေတယ်""မရဘူး.....ဆူး တက်ချင်တယ်"
"ဟာ......ဒီကောင်မတော့နာချင်လှပြီ" ဆိုကာသူမအော်ဟစ်လက်ကိုရွယ်လိုက်လေသည်၊၊
"ဘာလို့ရပ်လိုက်တာလဲ...ရိုက်မယ်ဆိုရိုက်လေ"
ခြူးလည်းဆက်မပြောဘဲကားကိုသာပြန်မောင်းလိုက်သည်၊၊
"မာမီနဲ့ဒယ်ဒီ"
အေး...ပြောလေသမီး
"ဟို...ဆူး ကျောင်းဆက်မတက်တော့ဘူး"
ဟာ...ဘာလိုလဲသမီးရဲ့
"ဆူး နောက်တော့မှပဲပြန်တက်တော့မယ်..."
အင်းပါ...သမီးသဘော
ဒါနဲ့သမီး ...သမီး စိတ်ပင်ပန်းနေရင်သူ့ကိုကွာလိုက်ပါလား
"မဟုတ်တာဒယ်ဒီရယ်....သူသမီးအပေါ်ကောင်းပါတယ်...ခုတလောစကားနည်းနည်းများကြတာပါပြန်အဆင်ပြေသွားမှာပါ"
အေးပါ...ပြောမရတော့လည်း
"ဆူးမြတ်ထက်...."
"ဟုတ်မမ"
"မင်း မီးပူတိုက်ထားတာလည်းကြည့်ပါဦး
ငါ့အင်္ကျီမီးကျွမ်းသွားပြီ"