"ဟဲလို""တို့ မှာခေါ်လိုက်ရတာခုမှပဲကိုင်တော့တယ်"
"ဘာကိစ္စရှိလို့လဲ"
"မင်း တို့ ကိုစိတ်ဆိုးနေတုန်းလား"
"စိတ်ဆိုးတာမဟုတ်ပါဘူး...စိတ်မကောင်းဖြစ်သွားတာပါဒါတွေပြောလည်းဒေါ်ခြူးလဲ့ဝေနားလည်မှာမဟုတ်ပါဘူး"
"ရော်...တို့ တောင်းပန်ပါတယ်ဆူး"
"အင်း...အဲ့ဆိုဖုန်းချလိုက်တော့မယ်နော်"
"နေ.. နေပါဦးဆူးရယ်"
"ဟုတ်...ဘာပြောဖို့ကျန်သေးလဲရှင်"
"ခု ဆူးနဲ့ တွေ့ပြီးစိတ်ကောက်နေတဲ့ကလေးလေးကိုချော့ချင်တယ်"
သူမဆီကချွဲပျစ်ပျစ်အသံနဲ့ဒီလိုစကားမျိုးကြားရတော့ကျွန်မဘယ်တောင့်ခံနိုင်တော့မလဲလေ....
"ဆူးကကျူရှင်မှာ"
"ဒါဆိုဘယ်ချိန်လွှတ်မှာလဲ"
"အွန်း...၃နာရီမှ"
"အင်း...ဒါဆိုမမလာခေါ်မယ်လေ
ဘယ်နားလဲ"ခုကျမှပဲသူမက
လိုချင်တာရတဲ့ကလေးတစ်ယောက်လို......
မုန့်လိုချင်လို့
ပူဆာနေတဲ့ကလေးတစ်ယောက်လို......
ဘယ်သူကမကျရှုံးဘဲနေပါ့မလဲ......အတန်းပြီးတော့......
ဟော......
တွေ့ပါပြီကျူရှင်နှင့်ခပ်လှမ်းလှမ်းမှာ
သူမရဲ့ကားလေး
သူမကလည်း
မျက်နှာကြီးဖြီးပြီးလက်ပြနေလိုက်တာများ......."မျက်နှာကြီးဆူပုတ်မထားပါနဲ့"
ကားထဲရောက်တာနဲ့သူမကစပြီးအမိန့်ပေးပါပြီ....
"တီလေးဆိုင်ပဲသွားမလား"
"ဟေး...ဒီနေ့တနင်္ဂနွေလေဒေါ်ခြူးလဲ့ဝေ"
"ဟားဟား....
တို့ အသက်ကဒီလောက်တောင်ကြီးသွားတာလား...
ဒါဆိုလည်းဒီနားကဆိုင်တစ်ဆိုင်ပဲသွားလိုက်မယ်နော်""မသိဘူး"
"ရော်...
ဒီကလေးပေါက်စခုထိစိတ်ဆိုးမပြေသေးဘူးလား"ကျွန်မသူမအမေးကိုပြန်မဖြေဘဲအပြင်ကိုသာငေးကြည့်နေလိုက်သည်၊၊