Part (15 )

3.7K 303 14
                                    

Facebook newfeed ကို အပေါ်အောက် ဆွဲကြည့်ရင်း မထင်မှတ်ဘဲ တက်လာတဲ့ Celebrities interview section တွေကို အပျင်းပြေကြည့်ရင်း အချိန်ကုန်နေလိုက်သည်။

မ မရှိတုန်း ဖုန်းခိုးသုံးနေတာမလို့ အိမ်မှာ မေပိုင်မှူးအကြိုက်သာ ဖြစ်နေတော့သည်။
Personal care product သစ်တစ်ခုအတွက်
Promotion event ရှိနေတဲ့အတွက် မနက်ကတည်းက မ မထွက်သွားခင် ဖရဲသီး တစ်ပန်းကန်စာ လှီးခဲ့ပေးတာကို ဇိမ်ပြေနပြေ စားရင်း ဖုန်းသုံးနေမိသည်။

မြန်မာနိုင်ငံက ရှိသမျှ အနုပညာရှင်တွေ နာမည်ကြီးတဲ့သူတွေရဲ့ လတ်တလောလှုပ်ရှားမှု အကြောင်းအရာ
တော်တော်များများကို တင်နေကျ Social Page မှာ
အမှတ်မထင် တက်လာတဲ့

အသစ်စက်စက် MC မလေး ရှင်ဆူးနီ
Fan တွေကို ပူပူနွေးနွေးဖမ်းစားထားတဲ့ ဆူးရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်တစ်ချို့နဲ့ အတူ
၁၅ မိနစ်တာ မေးခွန်းကဏ္ဍ .........

မေး : ဆူးက Social Media ပေါ်မှာ နာမည်ကြီးနေ
သည့်တိုင် Facebook မသုံးတာက ဘာလို့
ပါလဲ

ဖြေ : ဆူးက Instagram သုံးပါတယ်
အလုပ်အတွက်ဆို mail သုံးပါတယ်
အားလပ်ချိန်မှာ စာပဲ ဖတ်နေဖြစ်တာဆိုတော့
Facebook ဘက် မလှည့်ဖြစ်တာပါ

မေး : စာပဲဖတ်တာဆိုတော့ အားလပ်ရက်တွေမှာ
hang out မလုပ်ဖြစ်ဘူးလားခင်ဗျ
ဘယ်လိုကျော်ဖြတ်ဖြစ်လဲ

ဖြေ : ကျန်းမာရေးအတွက်ရယ် ဦးနှောက်
အတွက်ရယ် စာဖတ်တယ် လေ့ကျင့်ခန်းလုပ်ပါ
တယ်
အရေးကြီးဆုံးက မိသားစုဝင်တွေကို အချိန်ပေးပါ
တယ်ရှင်

မေး : ဆူးက ကချင်ပြည်နယ်ကလို့ သိရပါတယ်
အမြဲ မိဘတွေဆီ ပြန်ဖြစ်တာပေါ့

ဖြေ : နယ်က တစ်ခါတစ်လေမှပါ
မိဘတွေက ဆူးဆီ လာကြပါတယ်
ရန်ကုန်မှာ ရှိတဲ့ မိသားစုနဲ့က ပိုအချိန်ရပါတယ်

မေး : ဟုတ်ကဲ့ခင်ဗျ
လက်ရှိ relationship ရှိမရှိ ပရိတ်သတ်တွေက သိချင်မယ်လို့ ထင်ပါတယ်
အဲ့အတွက်လေး ပြောပေးပါအုံးလား ဆူး

ဖြေ : Honestly ဆူးက Single ပါ

မေး : ပရိတ်သတ်တစ်ချို့က ဆူးကို snap ပုံလေးတွေ
ဖမ်းထားတာ ရှိတယ်
များသောအားဖြင့်က ဆူးက ပုဂ္ဂလိကဆေးရုံတစ်ခုနားမှာ အမြဲလိုလိုတွေ့ရတယ်ခင်ဗျ

အရိပ်ဝေး Where stories live. Discover now