Part (16 )

4K 324 15
                                    

Zawgyi Version

စားပွဲပေါ်က ဓာတ်ပုံတွေက ပျံ့ကြဲလျက်

Memory stick သုံးခုက တစ်လစာ လှုပ်ရှားမှုတွေ
အသင့်သိမ်းဆည်းထားတဲ့ အရာသေးသေးလေးတွေ
ဦးနှောက်ထဲကရော အထူးသဖြင့် ရင်ဘတ်ထဲက
ဆွဲထုတ်လို့မရသေးတဲ့ မျက်ဝန်းဝိုင်းဝိုင်းပိုင်ရှင်ကတော့
နေ့စဉ်ရက်တိုင်းလိုလို
ပြုစားနေသည်က အခက်သားပင် ။

တင်္ဂဒလေးတွေ့ဖူးခဲ့အချိန်ကတည်းက
အခုချိန်ထိ စိတ်ရော လူရော အရှုံးပေးချင်သလောက်
သဘောကျရတဲ့ မိန်းကလေး .....

အခြားတစ်ဖက်က တဇွတ်ထိုးတဇောက်ကန်းစိတ်နဲ့
အတ္တကိုပဲ ကြည့်ပြီး လူဖြစ်တာမလို့
ထစ်ခနဲရှိ အနိုင်ယူချင်စိတ်သည့်စိတ်က ကိုယ်တိုင်
မြတ်နိုးရတဲ့ အရာအားလုံးနီးပါးကို ဆုံးရှုံးခဲ့ပြီးပြီ။

ပုဂ္ဂလိကဆေးရုံကို လတိုင်းအသွားမပျက်နေတာမို့
ကိုယ်တိုင်လိုက်စုံစမ်းရတာတစ်မျိုး ၊ တပည့်လေးတစ်ယောက်ကို စုံစမ်းခိုင်းချင်ပေမယ့် သူပါးစပ်မလုံဘဲ
တခြားနေရာ သတင်းမှားတစ်ခုခုကို ဖွမှာစိုးရိမ်ရလို့
အလုပ်ကိစ္စတွေကို ဖျက်ပြီး နောက်ကနေ လ်ုက်ကြည့်ရသည်အထိ သူမကို အချိန်ပေးမိပါသည်။

ဆေးရုံက တာဝန်ရှိဒေါက်တာတစ်ဦးကို မလှိမ့်တပတ်လုပ်ပြီး စကားနှိုက်တော့ အမိရဲ့ သူငယ်ချင်းဖြစ်ဟန်တူတဲ့
ကောင်မလေးတစ်ယောက်ရဲ့ ကိုယ်ဝန်ကို အဖော်ပြုပြီး
လာ ၊လာပြပါသတဲ့ကွာ....။

အိုကေ .....

အဲ့လိုက အဆင်ပြေပါသည်ပေါ့....

စိတ်ထဲ ဘဝင်မကျတာ အိုးကမပူ စလောင်းကပူရပြန်ပါသည်ရောလား။
အိမ်ထောင်ဖက်မရှိဘူး၊ မိသားစုနဲ့အတူမနေဘူး
လက်ရှိအလုပ်ကထွက်ထားပြီး သူနဲ့အတူတူလာနေတာ
လပိုင်းလောက်ရှိနေပြီ ....
ဆေးခန်း၊ဈေးဝယ်ထွက်တာ ညနေခင်း ကျန်းမာရေးအရ လမ်းထွက်လျှောက်တာ၊ သူမရဲ့မောင်လေး သင်တန်းသွားအပ်လည်း ထိုဗိုက်ပူပူနဲ့ ကောင်မလေးက ပါသည်။
နေရာတကာ....

သူကိုက အလိုလိုက် အရိပ်တကြည့်ကြည့်ဖြစ်နေတာမျိုး
သူမရဲ့ရေစက်က ဆိုးလား၊ကောင်းလားမသိပေမယ့်
စောင့်ကြည့်ရတဲ့သူကတော့ ဝဋ်အတိနှင့်....။

အရိပ်ဝေး Onde histórias criam vida. Descubra agora