Part (8 )

4.2K 400 17
                                    

မှူးအတွက်​ လတ်​တ​လော​ပြောရရင်​ မ က
တံတိုင်းကြီးတစ်​ခုလို ....
နားမလည်​​လောက်​တဲ့ မရဲ့​စေတနာ​တွေက မှူးအပြင်
တခြားသူတွေကိုရော ရက်ရောလားလို့တောင်
မေးရမည်။

မ ဟာလေ ....
အရမ်းတိတ်ဆိတ်ပြီး နူးညံ့နေတတ်တယ်
တကယ်ဆို မှူးလို သူစိမ်းမလေးကို ယုံကြည်ပြီး အိမ်ပေါ်တင် စောင့်ရှောက်ပေးတယ်ဆိုတာ မောင်နှမချင်းတောင်
စိတ်အခန့်မသင့်မယ့် အနေအထားပေမယ့်
မကတော့ နွေးထွေးပေးသည်။

ကိုယ်ဝန်ရှိမှန်း စသိစဉ်ကတည်းက
အနားမှာ မိသားစုလို ဂရုစိုက်ပေးမှုတွေက တစ်ခါတစ်ရံ
မောင့်ထက်တောင် လွန်ကဲပါသေးသည်။
မောင်က အခုလို အရမ်းစေတနာကောင်းတဲ့ မရှင်ဆူးနီနဲ့မှူးကို
ရေစက်ဆုံဖို့ ဖန်တီးခဲ့သလားပင်?

အနာဂတ်အတွက် အပူမီးက မှူးရဲ့ တဖြည်းဖြည်း
လုံးဝန်းပြီး ဖောင်းပြည့်လာမည့် ကိုယ်ဝန်လို တစစနဲ့ ရင်ထဲမှာ တောက်လောင်လာသည်။

ညတိုင်း အိပ်ရာမှာ ခေါင်းချတိုင်း အိပ်မပျော်နိုင်။
တောင်တွေး မြောက်တွေးနဲ့ သန်းခေါင်ယံတိုင်းက
ပူလောင်လွန်းလှသည်။

မ ရဲ့ တိုက်ခန်းမှာ ပြောင်းနေကတည်းက မက
လိုလေသေးမရှိ ဂရုစိုက်ရှာသည်။
မကို အားနာလွန်းလို့ စကားတောင် ပြောဖို့မရဲ|
အားလဲကိုးမိသလို သူ့အတွက် ဝန်ပိုးလို ဖြစ်လာမယ့်
မှူးရဲ့ အနေအထားက ရေရှည်ဆို လွယ်ကူမည် မဟုတ်။

ညဘက်တွေ အိပ်ရာထက်မှာ အိက်စက်နေ , နေရင်း
ညဉ့်နက်တဲ့အချိန်တိုင်း လူတစ်ယောက်က ကိုယ့်ကို
လာ , လာကြည့်နေသည်လို့ အိပ်မက်ယောင်ယောင်လို
အပြင်မှာ တကယ်ဖြစ်နေသလိုလို ခံစားရသည်မှာ
မှူး မရဲ့ တိုက်ခန်းကို ပြောင်းနေစဉ်ကတည်းက ဖြစ်သည်။
မှူးရဲ့စိတ်က ကြောက်လန့်နေတာမဟုတ်ဘဲ
ကိုယ့်အခန်းကို ညတိုင်းလာပြီး လာလာကြည့်နေတဲ့
သူက ဘယ်သူပါလဲ??

စိတ်က မလုံမလဲ ဖြစ်နေတာမို့ ဒီည တော့ မအိပ်ဘဲ
နေကြည့်ရမည်။
နာရီကို ကြည့်တော့ အချိန်က တစ်ချက်ကျော်ပြီ။
ကုတင်ဘေးက မီးအိမ်လေးကို တမင်ဖွင့်ထားလိုက်သည်။
ခန္ဓာကိုယ်ကို တစ်စောင်းလှည့်အိပ်ပြီး အခန်းတံခါးဖက်ဆီ
ကျောပေးပြီး အိပ်ဟန်ဆောင်နေလိုက်သည်။
နာရီဝက်ကျော်ကျော်ကြာတော့ ခြေသံတစ်ရှပ်ရှပ်နဲံ့
အသံက မှူးရဲ့အခန်းနားဆီ နီးလာပြီလေ ။

အရိပ်ဝေး Where stories live. Discover now