Part ( 12)

3.9K 272 9
                                    

သူ့အထုပ်အပိုးတွေကို ကူသယ်ရင်း လူက နုံးချိလာသည်။
နေကလဲ ပူလိုက်တာ.... မလာတဲ့မီးကို အပြစ်တင်လို့လဲ မရ... တိုက်ခန်းကို အထက်အောက် တက်လိုက် ဆင်းလိုက် လုပ်နေရင်း ရောင်နီဝေကို အေးချမ်းသော မေတ္တာတွေသာ ပို့နေလိုက်တော့သည်။

မောင်လေးတစ်ယောက် ရှိပါတယ်....
ဆူးနဲ့ လားလားမှ type မတူ ၊
ကိုယ်က သွေးအေးသလို
သူက သွေးနွေးသတ္တဝါ ၊၊
အခုရန်ကုန်လာသည်မှာလဲ ရုပ်ရှင်ရိုက်မလား
မှတ်ရတယ် .....
ယူလာတဲ့ အထုပ်တွေပင်မက ကင်မရာကြီး တစ်လုံး
အပြင် သူ့ဘေဘီလေးတွေပါဆိုတဲ့ Sneakers
ဘူးတွေ....။

မျက်စောင်းသာနာနာထိုးပေးလိုက်သည်။
သကောင့်သားမှာလည်း သူ့အထုပ်သူ သယ်ရင်း
အမောစို့နေပုံပေါ်သည်။
မောင်နှမနှစ်ယောက်ရဲ့ မျက်လုံးချင်း စစ်ထိုးပွဲကို
မီးမလာလို့ လေအေးမရသောAir Cooler ရှေ့မှာ
စပန့်ဂါဝန်ဝတ်ပြီး သနပ်ခါးအဖွေးသားနဲ့
ကြိမ်ယပ်တောင်ကို တစ်ဖျပ်ဖျပ် ခပ်ရင်း ထိုင်နေတဲ့
မယ်မှူးကတော့ ပြူးတူးကြောင်တောင်လေးနဲ့
ငေးကြည့်နေရှာသည်။

" ရောင်နီဝေ... ဒါက မမမှူးတဲ့ ''

"သိပြီးသားပါ အမေပြန်ရောက်ထဲက ပြောပြနေတာ
မမှူးက အသက်ဘယ်လောက်လဲ
ကျွန်တော်က ၂၀ ပဲရှိသေးတာ မမှူးကို ကြည့်ရတာ
အသက်အရမ်းမကြီးသလိုပဲ''

" ဟုတ်တယ် မောင်လေး မမှူးက အသက် ၂၂ပြည့်ပြီလေ''

နှစ်ယောက်သား မိတ်ဆက်ရင်း အဆင်ပြေမယ့်
ပုံလေးတော့ ပေါ်သည်မို့ တစ်မျိုးလေး ရင်အေးရသည်၊၊ ဒါပေမယ့်
ရောင်နီဝေဟာ စကားအရမ်းများတတ်တဲ့ သူမို့ တော်ရုံ စကားအစ မဖော်တာ ကောင်းသည်။

"အဟမ်း...စကားများတယ် ငါ့မောင်...
သွား... ငါ့အတွက် ရေသွားယူပေး ''

"ဟာ.... ကျွန်တော်က ဧည့်သည်လေ''

" နေ... နေ မှူး ယူပေးမယ် ''

အလိုက်ကန်းဆိုးဆိုတာ အဖြူအမဲမကွဲတဲ့ မောင်တစ်ယောက်ကြောင့် ဗိုက်ကြီးသည်လည်း နောင်ဆို ပင်ပန်းရမည့်ပုံ ။
စိတ်ရှိရှိနဲ့ ရောင်နီဝေရဲ့ ခေါင်းကို ခေါက်ပြီး မှူးထက်အရင် ရေကို အပြေးသွားယူလိုက်သည်။
မှူးကတော့ ဆူးရဲ့မောင်လေး မျက်နှာ expression ကို ကြည့်ရင်း ကြိတ်ခွီချင်နေပုံရသည်။

အရိပ်ဝေး Where stories live. Discover now