Part (9 )

4.5K 365 12
                                    

တစ်အိမ်လုံးတိတ်ဆိတ်နေသော မနက်ခင်း၌
ဆူးကိုယ်တိုင် အစောကြီး ထပြီး မီးဖိုခန်းထဲမှာ တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။

နွားနို့ပူပူအိုးကို ပြန်နွှေးရင်း ကြက်ဥပူတင်းလေး လုပ်ဖို့
ကြက်ဥတွေ ခေါက်, ငှက်ပျောသီးဖီးကြမ်းအမှည့်နှစ်လုံးကို
သကြား၊ဆားနည်းနည်းနဲ့ အချိုးကျ ရောမွှေရင်း
Microwave oven ထဲ အပူချိန်ညှိပြီး ထားလိုက်သည်။
ကွေကာအုပ်ကို နွားနို့အိုးထဲက မျက်နှာပြင်အပေါ်မှာ ခဲနေတဲ့ မလိုင်အနှစ်တွေကို အသာဆယ်ယူရင်း အရသာရှိရှိလေး ဖျော်ထားသည်။
ကိုယ်ဘာသာ တစ်ယောက်ထဲ နေခဲ့သမျှ မနက်စာအတွက် ကရိကထနဲ့ သေချာပြင်ဆင်ပြီး မစားဖြစ်သလို
သင်တန်းသွား၊ဟိုသွားနဲ့ လမ်းမှာ ကြုံတာပဲ ဝယ်စားဖြစ်သည်က များသည်။
ဝယ်ထားပြီး လှည့်မကြည့်နိုင်တဲ့ microwave oven
မှာလဲ တစ်နေ့တစ်မျိုး မရိုးရ ၊၊
မနက်တိုင်း ကန်စွန်းဥလေး မီးကင်ပြီး မွှေးမွှေးလေး စားစေချင်တဲ့ စေတနာ ယူမလား....
အခုလဲ ပူတင်းလုပ် ၊ နောက်တစ်မနက် မှူးကို ဘယ်လိုလေး လုပ်ကျွေးရမလဲဆိုတဲ့ plan တွေက ထို oven အတွက် အချိန်ဇယားအပြည့်နဲ့ပင်....။
စေတနာရေစီးကမ်းပြိုဆိုတာကတော့....
ဆူးရဲ့ မနက်စာပြင်ဆင်ပေးမှုလေးက ပမာဏသေးသေးလေးတစ်ခုအနေအထားတွင် ရှိသည်။

ဒီမနက် ဆူးချိန်းထားတဲ့ ကိုတေဇရောင်နဲ့ တွေ့ဖို့ကိစ္စကြောင့် အစောကြီးထပြီး မှူးအတွက် မနက်စာပြင်နေရတာလဲ ဖြစ်သည်။
အုပ်ဆောင်းအောက်မှာ သဘောင်္သီးအမှည့်လေးကို ခွဲပြီး
ထားခဲ့ပေးမည်။

ကိုယ်တိုင်လဲ အမြန်စားသောက်ပြီး အပြင်ထွက်ဖို့ ပြင်ဆင်ရအုံးမည်။
ရေချိုးပြီး အဝတ်စားလဲရင်း ကိုယ့်ကိုကိုယ်ပြင်ဆင်ပြီးသကာလ မှူးက ညအိပ်ဝတ်စုံလေးနဲ့ အိပ်မှုန်စုံမွှားထလာသော ပုံဖြင့် ဆူးရဲ့ အခန်းထဲ ဝင်လာသည်။

အလှပြင်နေတဲ့ ဆူးကို စူးစမ်းသလို ကြည့်ရင်း

" မ အပြင်သွားစရာရှိလား...ကြာမှာလားဟင် ''

" အင်း... မနက်စာတစ်ယောက်ထဲ စားလိုက်နော်
မ ပြင်ထားပြီးပြီ...ဘာမှာအုံးမလဲ? "

" မမှာတော့ပါဘူး..... မှူးလဲ အပြင်သွားရမလားပဲ မရယ်''

" ဘာလို့လဲ မှူး... ? အရေးကြီးတာလား''

အရိပ်ဝေး Hikayelerin yaşadığı yer. Şimdi keşfedin