Part (7)

4.9K 401 26
                                    

နှစ်​သစ်​မကူးခင်​ တစ်​ရက်​အလို ...
မှူး​ဆေးရုံက ဆင်းပြီးတာနဲ့ ဆူးရဲ့ တိုက်​ခန်းမှာ လူနှစ်​​ယောက်​တိုးလာသည်​။ ဆူးကိုယ်​တိုင်​ မရမက ​ခေါ်လာခဲ့တဲ့
လူနှစ်​​ယောက်​ .....

" မှူးနဲ့ မှူးရဲ့သား​လေး " ပါ....

ဆူးလိုလိုလားလားနဲ့ ကိုယ်​နဲ့အတူ ​နေ​ပေးဖို့ .....
အဖက်​ဖက်​က ကြည့်​ရင်​ မိဘအိမ်​မှာ မ​နေတဲ့
က​လေးမက ကိုယ်​ဝန်​နဲ့ဆို အ​ဆောင်​မှာ ဘယ်​​လောက်​​တောင်
မျက်​နှာငယ်​ရမလဲ ??
ဘယ်​​လောက်​​တောင်​ ကဲ့ရဲ့လိုက်​ကြမလဲ?

ဒီဒဏ်​​တွေ မှူး ခံစားရမှာ ဆူး ​ကြောက်​သည်​။
လူ​တွေရဲ့ပါးစပ်​က သိပ်​​ကြောက်​ဖို့ ​ကောင်းသည်​။
၂၁ နှစ်​အရွယ်​ က​လေးမကို အဲ့လို အ​ပြောအဆို​တွေကြားမှာ မ​နေ​စေချင်​လို..။ ခွင့်​လဲ မပြုချင်​ပါ။
ကျွန်​မက မှူးရဲ့ အုပ်​ထိန်းသူမဟုတ်​သည့်​တိုင်
ကျွန်​မ မှူးကို ​စောင့်​​ရှောက်​လိုသည်​။
အ​ကြောင်းအရာက ​သေ​သေချာချာမရှိ​သေးပါ...
ဘာမှ ထပ်​မ​တွေးချင်​ ။
အခု မှူးက ကျွန်​မအနားမှာ ရှိ​နေရုံနဲ့တင်​ ကျွန်​မအတွက်
အ​ကြောင်းပြချက်​ရှာမရလည်း ​ကျေနပ်​သည်​။

အ​ဖေ့ဆီက အသက်​၂၀ပြည့်​​မွေး​နေ့လက်​​ဆောင်​ ရထားတဲ့ တိုက်​ခန်းမှာ အခုဆို မှူးလဲ ရှိလာပြီ။
မိန်းက​လေးအချင်းချင်းမို့ အ​ဖော်​လဲရသည်​။
မှူးလဲ အဆင်​​ပြေလိမ့်​မည်​။ က​လေးအတွက်​လဲ သက်​​တောင့်​သက်​သာ ဖြစ်​လိမ့်​မည်​ဆိုပြီး မှူးကို အားမနာ​အောင်
အ​ကြောင်းပြပြီး ​ခေါ်လာခြင်းဖြစ်​သည်​။
အရင်​က အတန်​တန်​ ငြင်း​ပေမယ့်
ကြာ​တော့ မှူးက စဉ်းစားပြီး လက်​ခံခဲ့သည်​။
အဲ့​တော့မှ ကျွန်​မ အပူလုံးကြီး ရင်​ထဲမှ ကွယ်​​ပျောက်​သွား​တော့သည်​။
တက္ကစီ​​လေးငှါးပြီး မှူးရဲ့ပစ္စည်းပစ္စယ​တွေကို
၃လွှာ​ပေါ်က အခန်းဆီ တက်​လိုက်​ဆင်းလိုက်​ သယ်​ယူရတာလဲ အ​မော...
မှူးကို ​လေးလံတာ​တွေ မကိုင်​​စေချင်​လို့ ​ပြော​တော့
က​လေးမ မျက်​နှာက ဇီးရွက်​​လောက်​နဲ့ ကျွန်​မကို
အားနာလွန်း​နေတဲ့ ရုပ်​​လေးက အသည်းယားဖို့ ​ကောင်းလွန်းသည်​။

အရိပ်ဝေး Where stories live. Discover now