Part (11)

4.6K 403 33
                                    

မရဲ့ အမေက အစပိုင်းမှာ ကြောက်ဖို့ကောင်းတယ် ထင်ရပေမယ့် မှူးကို နောက်ပိုင်းမှာတော့ ဖော်ဖော်ရွေရွေဆက်ဆံရှာသည်။

မက.... ကံကောင်းလိုက်တာ......
ပွင့်လင်းလှတဲ့ မရဲ့ အမေက မှူးအပေါ်မှာ ဘွင်းဘွင်းရှင်းရှင်းဆက်ဆံသလို စိတ်ကောင်းလဲ ရှိသည်။
အန်တီလာနေတဲ့ ရက်သတ္တပတ်အပိုင်းတွင်းမှာ
မစားဖူးသော ငါးကချင်ချက်တွေ ၊ အညာမန်ကျည်းရွက်သုပ်တွေအပြင် တခြားဟင်းပေါင်းတွေ စုံအောင် ချက်ကျွေးလေသည်။
ကိုယ်ဝန်ကြောင့် ချဉ်ခြင်းတပ်တာအပြင် နဂိုတည်းက အစားသောင်းကျန်းတဲ့ မှူးအတွက်တော့ ပိုလို့ပင် အဆင်ပြေစေသည်။

မှူးကို အခု အနေခက်နေစေတာက မ ပါပဲ....။
မရဲ့အမေ၏ မေးခွန်းတွေကို အဆင်ပြေသလို ဖြေမိတဲ့နောက် မကို မှူးကို စိတ်ဆိုးသလိုလိုနဲ့ ခပ်ရှောင်ရှောင်လေး နေသည်။

လူကလဲ အခုတလော ဘာဖြစ်သည်လည်းမသိ။
စိတ်က နည်းနည်းလေး အထိအခိုက်မခံ။
ဝမ်းနည်းစရာကိစ္စလေးသေးသေးကိုတောင် ပုံကြီးချဲ့ပြီး
ငိုယိုချင်မိသည်။
ကိုယ်ဝန်က အခုဆို လေးလကျော်ပြီး လေးလတောင် ပြည့်လုပြီ ။ ကိုယ်ဝန်ကြောင့်ပဲလား ကိုယ့်ကိုကိုယ် ဘာကို အလိုမကျမှန်းကို မသိ... မ က မှူးကို မျက်နှာချင်း မဆိုင်တောင် ပိုလို့တောင် အားငယ်ရသလို...ကိုယ့်ဘာသာလဲ
ဒေါသထွက်မိသည်။

မရယ်....... မှူးက မအတွက် ဝန်ထုပ်ဝန်ပိုးကြီးလို
မဖြစ်စေချင်တော့ဘူး သိလား.........

ကိုယ်လက်တွေက နည်းနည်းလေး မအီမသာ ဖြစ်လာသလို မှူးရဲ့ ဗိုက်လေးကလဲ ခပ်ဆူဆူလေး ဖြစ်လာသည်။

မနဲ့ဆို လွတ်လပ်ပေမယ့် မရဲ့ အမေ မပြန်ခင်ထိ
မှူးမှာ ပွပွယောင်းယောင်း ချည်ဂါဝန်တွေ ဝတ်ကာ
ကိုယ့်ခန္ဓာကို ပျိုယောင်ဆောင်ရသည့်ဒုက္ခက မသေးလှပါ။

ခြေတွေလက်တွေက ဖောင်းဖောင်းလေးတွေ ဖြစ်ကာ...
အသားအရည်တွေပါ အရောင်အသွေးလေး ပြောင်းလာသည်။

အချိန်တိုင်း ကိုယ့်ဗိုက်လေးကို ငုံ့ကြည့်တိုင်း
ဝမ်းထဲက ကလေးငယ်မှာ နှုတ်ခမ်း ၊ နှာခေါင်း ၊ မျက်လုံးလေးတွေ လှလှလေးနဲ့ မွေးလာမှာလား?
မှူးလိုဆိုရင် အသားနည်းနည်းညိုမှာ...
မဆီမဆိုင် မရဲ့ အသားအရည်လိုမျိုး ကလေးမှာ ရှိစေချင်မိသည်။

အရိပ်ဝေး Where stories live. Discover now