Part (4)

5.2K 435 17
                                    


Zawgyi Version

အလန့်​တကြားနဲ့ ​မေပိုင်​မှူးအနားမှ ထွက်​ခွာလာခဲ့သည်​။

အနှီ​ကောင်​မ​လေး ဆူးရဲ့ အ​ရှေ့မှာ ​မေ့​မြောသွားပြီး​နောက်
အရာရာဟာ ဆူးရဲ့ ရင်​ကို ဗ​လောင်​ဆူသွား​စေသည်​။

ဆူး elevator က​နေ ​company ရဲ့ ballroom ဆီသို့ အ​ပြေးအလွှားသွားရင်း အကူအညီ​တောင်းဖို့ လူရှာ​ရမည်​။
အကုန်​လုံးက ဆူး​အ​ပေါ် အာရုံမရ​နေပါ ။
အားလုံးက လူကြီးလူ​ကောင်း​တွေချည်းပဲ​လေ ။
Body Guards ​တွေဆီက​နေ အကူအညီ ယူရမယ်​လို့
ဆူး စဉ်းစားရင်း ​ဝေ့ဝိုက်​ပြီး ရှာသည်​။
ဘယ်​သူမှ မအား​နေတာနဲ့ စိတ်​ပျက်​လက်​ပျက်​နဲ့ နှုတ်​ခမ်းမှ
တောက်​​ခေါက်​မိသည်​အထိ ...။
ဆူး...စိတ်​ထဲ ပူ​လောင်​ပြင်းပြလွန်း​နေပြီ။

မှူးကို စိတ်​ပူတာနဲ့ ကိုယ့်​ဘာသာပဲ မရရ​အောင်​ ကူညီဖို့ ​တွေးပြီး elevator ထဲ ပြန်​ဝင်​ဖို့ ပြင်​သည်​။
Rooftop အလွှာသို့ မ​ရောက်​ခင်​ elevator တံခါးက ပွင့်​လာသည်​။
လူငယ်​တစ်​​ယောက်​က သန့်​ပြန့်​​ထောင်​​မောင်း​သော အရပ်​အ​မောင်းနဲ့ ဝင်​လာသည်​။
ဆူးရဲ့ စိတ်​ထဲ မီးလင်းလာသလိုမျိုး ထိုလူငယ်​ကို အားကိုးတကြီး မျက်​ဝန်း​တွေနဲ့ လှမ်းကြည့်​လိုက်​သည်​။
ထိုလူဆီမှလဲ ကြည်​လင်​စူးရှ​နေတဲ့ မျက်​လုံး​တွေက ဆူး အကူအညီလို​နေမှန်း သိ​နေသလို...။

" အစ်​ကို​ရေ ... ဟို​လေ ​ခေါင်​မိုးထပ်​မှာ ​ကောင်​မ​လေးတစ်​​ယောက်​ မူးလဲသွားလို့
အဲ့ဒါအစ်​ကို ​မြေညီထပ်​​ရောက်​​အောင်​ တစ်​ချက်​ကူညီပါလား?
ဆူး​လဲ တစ်​​ယောက်​တည်း လုပ်​မတတ်​​တော့လို့ "

ထိုလူထံမှ ​လေ​အေးနဲ့ လက်​ခံသည့်​ဟန်​ဖြင့်​ .....
ခေါင်​မိုးထပ်​​ပေါ်မှာ ​မေ့လဲ​နေ​သည့်​ မှူးအနားကို​ရောက်​​တော့

"ဟင်​ မှူး မလား .... မှူးက ဘာဖြစ်​တာလဲ ?"
ထိုလူက မှူးကို ရင်းနှီး​နေပုံရသည်​။ သူပါ ထိတ်​လန့်​သွားပုံကြည့်​ရရင်​​တော့ မှူးနဲ့ ခင်​မင်​​နေမယ့်​ ပုံစံပင်​။

" ဟုတ်​တယ်​ အစ်​ကို
မှူးနဲ့ ​တွေ့​တော့ မှူးက အန်​ပြီး မူးလဲသွားတာ"

အရိပ်ဝေး Where stories live. Discover now