Part (14-2 )

3.8K 304 33
                                    

ရင်ဘတ်ပေါ်က လှုပ်လီလှုပ်လဲ့ လော့ကတ်သေးသေးလေးက ဆူးအတွက် ဘယ်ပွဲပဲ တက်ဖြစ် တက်ဖြစ်
မချွတ်ဖြစ်ခဲ့တဲ့ လက်ဝတ်တန်ဆာလေးဖြစ်ခဲ့သည်။

အခုတလော ပွဲနည်း၍ အိမ်မှာပဲ အေးဆေးစာဖတ် ၊
မှူးရဲ့ လစဉ် ဆေးခန်းပြ ၊ အိုဂျီအပ်တာကအစ နေသာတဲ့
ညနေခင်းတွေမှာ အဖော်ပြုလမ်းလျှောက်ပေးရင်း
မှူးရဲ့ ကိုယ်ဝန်သည် လက်ဖောင်းဖောင်းလေးကို
တဆုပ်တထွေး ကိုင်ခွင့်တွေ ရခဲ့သည်မှာလဲ နေ့ရက်တစ်ချို့ ကျော်ခဲ့သည်အထိ ......

အိမ်မှာနေရင် ဆူးက ရောင်နီဝေကို ရှောင်ရှားရသည်။
အိမ်ပြင်ရောက်တော့ မှူးက ဆူးရဲ့ ပရိတ်သတ်တွေကို ရှိသည်မို့ တော်ရုံ အပြင်ထွက်ဖို့ ကိစ္စဆို ရှောင်သည်။

🍁🍃🍂🍃🍂🍃🍂🍃🍁🍃🍁🍂🍃🍂

ရောင်နီဝေဆိုသည်မှာလည်း အရွယ်လေးရောက်နေပြီမို့
မမရဲ့အရိပ်အရွှေ့ကို ဒက် ခနဲ သိလာသည်။
ကိုယ့်အစ်မကို သဘောကျသော ယောက်ျားသားတွေမနည်း ၊ အဖေက စစ်တပ် အမြှောက်တပ်ရင်းမှူးလဲ ဖြစ်တော့ ဘယ်နယ်ပြောင်းပြောင်း အရာခံဗိုလ်တွေ ၊ဗိုလ်ကြီးတွေ ၊ အဖေ့တပည့်တွေက တောင်းရမ်းချင်ကြလွန်းလို့
အမေဆို အစ်မကို ကချင်ပြည်မှာပဲ နေစေခဲ့သည်။
စစ်တပ်မိသားစုဆိုတော့ အဖေရဲ့ စည်းကမ်းကြီးမှုအောက်မှာ မမက သူဝါသနာပါတာကို စွန့်စားကာ လုပ်ရဲသည်။
ခေါင်းကလဲ မာသည်ကိုး ..........
အဖေရဲ့ သည်းနှစ်သမီးကြီးဆိုတဲ့အပြင် မမက သူ့နည်းလမ်းတကျနဲ့ အောင်မြင်အောင် လုပ်သူမို့ ခွင့်ပြုထားချင်သာ....
ကျွန်တော်မတူသည်က မမက တဇွတ်ထိုး လုပ်တတ်သူ..
သူကောင်းမည်ထင်လျှင် ကောင်းအောင်လုပ်သူ
အဆိုးနဲ့တွေ့ရင်တောင် အုံ့ပုန်း ကြိတ်ပြီးဖြေရှင်းသူ..
သူမရဲ့မျက်လုံးထဲမှာ ကျွန်တော့်ကို ကလေးလို့ပဲ
မြင်သည်လားမသိ ....
ဘာကိုမှ ရင်မဖွင့် မတိုင်ပင် ။

ကျွန်တော် အခုတွေ့နေရတဲ့ မမရဲ့ နိစ္စဓူဝသံယောဇဉ်ကြီးကို ဖေကြီးသိရင် ဘယ်လိုလုပ်မလဲ ?

ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့်အစ်မကို မေးချင်သော်လည်း
အစ်မက ပွဲအတွက် အပြင်ထွက်ရ၊ အိမ်မှာရှိချိန်ဆိုလဲ မမှူးအခန်းထဲက ဝင်လိုက်ထွက်လိုက် ရစ်သီသီလုပ်နေမြဲမို့ တကယ်စကားပြောချိန်မရ။
တသီးတသန့်အချိန်ယူပြီး မမှူးရဲ့ ကိစ္စအကြောင်းက ပြောကို ပြောရမည်။

အရိပ်ဝေး Where stories live. Discover now