Part (6)

5.1K 430 34
                                    

Zawgyi Version

သူကြားမလား ဆိုပြီး စိတ်​ထဲ ထင့်​​နေခဲ့​ပေမယ့်
မကြား​လောက်​ပါဘူးဆိုပြီး က​လေးမရဲ့ ​စိတ်​ကိုပဲ
အ​လေးထားပြီး နှစ်​သိမ့်​​ပေးခဲ့လိုက်​တာပါ ...

ဆူး သိတာ​ပေါ့
မှူးကို အရမ်း​ကြေကွဲမှာစိုးလို့ ကျွန်​မ ​ချော့​မော့ပြီး ​ပြော​နေစဉ်​မှာ အခန်းရဲ့ အပြင်​က ​ခြေသံတစ်​စုံကို ကြားဖြစ်​​အောင်
ကြားလိုက်​ပါသည်​။

စိတ်​ထဲက သူနာပြုဆရာမလို့ ထင်ပြီး ​ကျောခိုင်းရင်း လှည့်မကြည့်​​​​​​လိုက်​​ပေမယ့်​ ခဏကြာမှ ​သေချာ​အောင်​ ကြည့်​​တော့ အခန်း​ရှေ့က​နေ ​ရွှေ့ရင်း ထွက်​ခွာသွားတဲ့
ယောကျာ်းတစ်​​ယောက်​ရဲ့ ​ကျောပြင်​ ။

မှူးရဲ့ အရှက်​သိက္ခာ​တွေကို ကျွန်​မအတတ်​နိုင်​ဆုံး
ကာကွယ်​​ပေးချင်​ပါသည်​။
ငို​ကြွေးလို့ ​မောရင်း အိပ်​​ပျော်​သွားတဲ့ မျက်​နှာညိုညို​လေးက
တစ်​ချက်​ တစ်​ချက်​ ​ယောင်​ယမ်းလို့ ​နေသည်​။

" သား " တဲ့ ....။

ဆူး ... မှူးကို ​လေးစားလာမိသည်​။
အပြင်​ပန်းက သူမရဲ့ ​မောင်​ဆိုတဲ့ ​ကောင်​​လေး ဆုံးပါး​တော့
သူမရဲ့ အရှက်​တရားအရ ထိတ်​လန့်​ရင်း
က​လေးကို တာဝန်​ယူဖို့
အ​ကြောက်​အကန်​ငို​နေ​ပေမယ့်
မှူးဟာ မိခင်စိတ်ရှိတဲ့ မိခင်​​​​​လောင်း​လေးပါလား...။

ကျွန်​မထုတ်​​ပြောမှ သိ​ရ​ပေမယ့်​၊ ခဏအတွင်း ငိုမြည်း​နေ​ပေမယ့်​ သူမအိပ်​​ပျော်​သွားတဲ့ အချိန်​အတွင်းမှာ​တောင်
က​လေးကို ချစ်​တဲ့ စိတ်​က ​ယောင်​ယမ်းပြီး ​ပေါ်လာသည်​။
မှူးကို ကြည့်​ရင်း ကျွန်​မ​အမေကိုပါ သတိရလာသည်​။
အ​မေ ကျွန်​မကို ကိုယ်​ဝန်​​ဆောင်​တုန်းက​ရော
ဒီလို​လေး အိပ်​ရင်း ​ယောင်​ယမ်းဖူးသလားလို့ အ​မေ့ကို
ပြန်​​မေးဖို့ ​မေးခွန်းတစ်​ခုရသည်​။

ရှေးလူကြီးတိုင်း​ပြောကြတာ ရှိသည်​။
"မိန်းမတိုင်းဟာ ပျို ပျို အိုအို မိခင်​စိတ်​ရှိတယ်​" ဆိုတဲ့ စကားဟာ သိပ်​မှန်​​လေမလားပဲ ။
အခု မှူးရဲ့ ဝမ်းထဲက က​လေးဟာ သ​န္ဓေတည်​စ​လေးမှာ​တောင်​ မှူးရဲ့ စိတ်​က မိခင်​စိတ်​​လေးက
ထင်းခနဲ ​ပေါ်ထွက်​​နေသည်​။

အရိပ်ဝေး Where stories live. Discover now