Part (14-1 )

4.2K 278 13
                                    

မေပိုင်မှူးဟာ ရှင်ဆူးနီရဲ့ အားနည်းချက်ဖြစ်သလို

ရှင်ဆူးနီကလည်း မေပိုင်မှူး ဘယ်တော့မှ

လက်မလွှတ်တော့မယ့် စွန်လေးတစ်ခု.......

သံယောဇဉ်ရစ်ဘီးလေးကို သူမဘက်ကိုပဲ ပြန်လှည့်ရင်း

လှည့်နေသလို.......

ဝေဟင်က စွန်ငယ်မှာလဲ....

ရစ်ဘီးကို ကိုင်ထားတဲ့ ပိုင်ရှင်နားကို ရောက်လေ.....

ပိုနီးလာလေ...............



ကျွန်တော်ကတော့..... သူတို့မထင်မှတ်ထားတဲ့

အရပ်ဒေသကနေ တိုက်ခတ်ကြမ်းတမ်းချင်တဲ့ လေပွေ...

ဦးတည်ချက်က စွန်ကြိုးလေး ပြတ်ပြီး....

အာကာပြင်က လေတံခွန်လေးကို

ကျွန်တော်နဲ့အတူ လွင့်စေချင်တာ.............

အရင်ဆုံး ကျွန်တော့်ကို ကျွန်တော် ကြမ်းတမ်းအောင်၊

အင်အားကြီးအောင် လုပ်မိထားတယ်.........











ရှင်ဆူးနီရဲ့ သွားလာလှုပ်ရှားပုံတွေကို အပတ်တိုင်း

လူယုံလွှတ်ပြီး စောင့်ကြည့်စေခိုင်းရတာ၊

ဘယ်သူနဲ့ ရှိနေသလဲ ဘယ်ကိုသွားသလဲ ဆိုတာ...

ကိုယ်တိုင် အတည်ပြုနေရတဲ့ တစ်ဖက်သတ်ဘဝမှာ

ကျွန်တော် ကျင့်သားရနေပါပြီ.....

တစ်ဖက်မှာ ကျွန်တော့်လို ဆူးနောက်ကို

လိုက်နေတဲ့ဘဲတစ်ပွေကိုလည်း ကျွန်တော် တမဟုတ်ချင်း

သတိထားမိသည်။

ကျားကျားချင်း ခြေမြင်လိုက်ပါသည်။

ဒါပေမယ့် အဲ့ကောင်က တကယ့်ငကြောင်.......

တကယ်ချစ်ရင် တကယ်သိမ်းပိုက်ရမှာလေ....

ဘာလို့အဝေးကနေ နူးညံ့နေရမှာလဲ....


ကျွန်တော်ကလား......

အောက်တန်းကျတယ်ဆိုတဲ့ အပြုအမူ၊ အသုံးအနှုန်းဆိုတာ ဘဝမှာ တစ်ခါမှ မကျင့်သုံးမိခဲ့ပေမယ့်

အရိပ်ဝေး Where stories live. Discover now