4.4K 379 38
" ဘာ ဘာရယ်​ Hyung "
ထယ်​​ယောင်းအသံက အံ့သြမယုံနိုင်​ခြင်း​တွေနဲ့ တုန်​ခါ​နေသည်​.....။
" ဟုတ်​တယ်​ ထယ်​​ယောင်း....။ အခုပဲ သူတို့အိမ်​က အန်​တီတို့​ရောက်​လာပြီး ငါ့ကို​ပြောပြတာ......။ သူတို့ အ​တော်​​လေးမျက်​နှာပူ​နေတယ်​.....။ နမ်​ဂျွန်​လုပ်​ရပ်​ကိုမ​ပြောရဲလို့ ငါ့ကို​ပြောခိုင်းတာဟ........။ ငါလည်း မင်းအတွက်​စိတ်​မ​ကောင်းပါဘူး......"
" ​နေ ​နေပါဦး.... နမ်​ဂျွန်​Hyungက ​ဆော့ဂျင်​Hyungကို ဘာ​ကြောင့်​ဒီလိုခိုးသွားရတာလဲ......."
ထယ်​​ယောင်းမျက်​နှာတစ်​ပြင်​လုံး ခတ်​ထန်​နီရဲလျက်​​မေးသည်​။ အမှန်​တရားကို ဟို​ဆော့ရှင်းပြမိသည်​......။
" နမ်​ဂျွန်​က မင်းလိုပဲ ​ဆော့ဂျင်​Hyungကို ချစ်​​နေတာ.......။ ငါ့ကို​တောင်​ ဝန်​ခံတယ်​....."
" ဟာ .....သူက Hyungကို ချစ်​​နေတာပဲဟာ ..."
" မဟုတ်​ပါဘူး။ အဲ့ဒါက မင်းကိုဝန်​တိုပြီး တမင်​လုပ်​တာပါ.....။ သူ့ရင်​ထဲမှာ ​ဆော့ဂျင်​Hyungပဲရှိတာ......"
မတက်​နိုင်​ပါ။ ချန်​သင့်​တာချန်​ ကွယ်​သင့်​တာကွယ်​ပြီး ဟို​ဆော့ရှင်းပြမိသည်​။ နမ်​ဂျွန်​ကိုယ်​တိုင်​ကလည်း ကိုယ့်​ဆီ​ရောက်​လာပြီး ​တောင်းပန်​ခိုင်းခဲ့တာမို့_
" သူ ဖွင့်​​ပြောဖို့ကြံ​နေတုန်း မင်းကလက်​ဦးသွား​တော့ သူအရမ်းခံစား​နေရရှာတာ ...."
" သူ ယုတ်​မာတာပဲ....။ ​ဆော့ဂျင်​Hyungဘက်​ကို လုံးဝမစဉ်းစားဘူး......"
" ထယ်​​ယောင်း.......... ငါအမှန်​​တွေ သိ​နေတယ်​....."
" ဘာအမှန်​​တွေလဲ Hyung "
" ​ဆော့ဂျင်​Hyungက သူချစ်​​နေတာ နမ်​ဂျွန်တဲ့.......။ သူ ငါ့ကို ရင်​ဖွင့်​ထားတယ်​....."
" ဟင်​....."
ထယ်​​ယောင်း အံ့သြ​နေသည်​။ ဒီအချိန်​​ရောက်​မှ ဟို​ဆော့ဘာမှ မသိုဝှက်​ထားချင်​ပါ.....။
အငြိုးအ​တေး​တွေ အားလုံးကြားမှာ ကင်း​စေချင်​သည်​......။
" ဟုတ်​တယ်​ ....သူ နမ်​ဂျွန်​ကို သိပ်​ချစ်​ရှာတာ။ နမ်​ဂျွန်​က ဖွင့်​မ​ပြော​တော့ သိုဝှက်​ထားတာ​လေ..... "
 ပန်းရောင်ခြယ်သော ✔Where stories live. Discover now