ချလွမ် ....
" ဟင် "
ကြမ်းပြင်ပေါ်ကျကွဲပြီး တစ်စစီပဲ့ကြွေသွားသော နှင်းမင်းသမီးပုံဖန်ရုပ်တုလေးကိုကြည့်ပြီး ဆော့ဂျင် သွေးပျက်မတက် တုန်လှုပ်သွားရသည်။
" ဘုရားရေ ငါတော့ ပြသနာတက်ပြီ "
တစ်စစီကျကွဲနေသော ဖန်ကွဲစတွေကိုလိုက်ကောက်ရင်း နမ်ဂျွန်ရဲ့ဒေါသတွေကို တစ်စိမ့်စိမ့်တွေး ကျောချမ်းနေရသည်။ မကြာခင်တော့ ဗုံးအတွဲလိုက်ပေါက်ကွဲတော့မှာ သေချာသည်။
ဟိုတစ်နေ့ကပဲ သူ့အခန်းထဲမှာ ပြသနာလုပ်ပြီးသွားပြီ။ အခုတခါထပ်ပြုမိရင်တော့ ကျွန်တော့်ကို အိမ်ပေါ်ကကန်ချမလားတောင် မသိပါ။
ကျွန်တော်ကလည်း ကျွန်တော်ပါပဲ။ အရာရာကို နမော်နမဲ့နိုင်လွန်းသည်။ ကျွန်တော့် အတွေးတို့ပင်မဆုံးလိုက်။ အခန်းထဲဝင်လာသော အရိပ်တစ်ခုကြောင့် မော့ကြည့်လိုက်တော့ _
" နမ်ဂျွန် "
" ဟင် ဒါက ဘယ်လိုဖြစ်တာလဲ "
ဒေါသတွေနဲ့အမေးစကားသံက ဆော့ဂျင်နားထဲမှာ ဟိန်းထွက်နေသည်။ ကြောက်စိတ်ကြောင့် ဆော့ဂျင်တစ်ကိုယ်လုံး အားအင်တွေချည့်နဲ့သွားသလို ခံစားလိုက်ရသည်။
" ဟို .... စားပွဲပေါ်ဖုန်သုတ်ရင်းနဲ့ မတော်တဆတိုက်မိလို့ "
" တောက် ... ဒီပစ္စည်းက ငါ့အတွက် ဘယ်လောက်အရေးပါလဲဆိုတာ မင်းမသိဘူးလား ပါပီကောင် ....!! "
မီးပွင့်မတက်ကြည့်ကာပြောနေသော နမ်ဂျွန်အကြည့်စူးစူးတွေအောက်မှာ ဆော့ဂျင် တုန်ရင်နေမိသည်။
" ကျွန်တော် တောင်းပန်ပါတယ် နမ်ဂျွန်ရယ် ၊ တကယ်ကို မတော်တဆဖြစ်သွားတာပါ ... "
" မင်း မတော်တဆခွဲပစ်လိုက်တဲ့ပစ္စည်းက ငါအရမ်းတန်ဖိုးထားရတဲ့ပစ္စည်းဆိုတာ မင်းမသိဘူး "