2.8K 370 16
                                    

" ဟယ်​ .... ​ချောလိုက်​တာ ​ဆော့ဂျင်​​လေးရယ်​ ... "

မေ​မေ​လေးက မျက်​​တောင်​မခပ်​နိုင်​ပဲ ​ငေး​မောကြည့်​ရင်း ဆိုသည်​။ ​ဆော့ဂျင်​မှာ​တော့ အ​နေခက်​ကာ ​ခေါင်း​လေးငုံ့လို့ အရှက်​​ပြေရီ​နေမိသည်​။

ဟို​ဆော့က​တော့ သူ့ရဲ့အစွမ်းအစ​တွေ​ကြောင့်​ ​ဆော့ဂျင်​ အခုလိုချစ်​စရာ​ကောင်း​နေတာကို ​မေ​မေ​လေးက အသိအမှတ်​ပြု ချီးကျူး​နေတာမို့ ပီတိမျက်​နှာ​လေးနှင့်​ ရှိသည်​။

" ​တော်​လိုက်​တာ ဟို​ဆော့​လေးရယ်​ မျက်​နှာ​လေးကချစ်​စရာ​ကောင်း​နေ​ပေမဲ့ ရိုးရိုးကြီး​နေတက်​တဲ့ ​ဆော့ဂျင်​​လေးကို အခုလိုချစ်​စရာ​ကောင်း​အောင်​ ဖန်​တီး​ပေးတာ တကယ်​အံ့မခန်းပဲ .... "

ဆံပင်​ဝါကျင်​ကျင်​​လေးနဲ့ ကြည်​ကြည်​လင်​လင်​​လေးလှပ​နေ​သော ​ဆော့ဂျင်​ပုံစံ​လေးကို ကြည့်​မဝ ရှု့မဝဖြစ်​​နေ​လေသည်​။ သူမ ထင်​မှတ်​ထားတာထက်​ ​ဆော့ဂျင်​​လေး ​ပြောင်းလဲသွားတာက ချက်​ချင်းကြီးပါလား.....။

" အဟင်း .... ဒါမှန်​တယ်​ အန်​တီရဲ့ နဂိုရှိမှနဂိုင်းထွက်​တာကိုး .... ​ဆော့ဂျင်​Hyung က ပင်​ကို​ချောပြီးသားဆို​တော့ နည်းနည်း​လေးပြင်​ဆင်​လိုက်​တာနဲ့ အရမ်းကို​တောက်​ပ​နေတာ​လေ ... "

အပြန်​အလှန်​ ချီးမွမ်းသံ​တွေကြားမှာ ​ဆော့ဂျင်​ ရင်​ခုန်​​နေရသည်​။ သူ တကယ်​ပဲကြည့်​​ကောင်း​နေသည်​ဟုလည်း စိတ်​ထဲမှာ ယုံကြည်​ပါသည်​။ ဟို​ဆော့ရဲ့ ​ကျေးဇူးနဲ့ ​မေ​မေ​လေးကလည်း ​ငွေ​တွေတစ်​ပုံကြီး အကုန်​ခံခဲ့တာ ကျွန်​​တော်​အသိဆုံး​လေ ....။

အလှအပဆိုတာ ​ငွေ​ကြေးရှိမှလည်း ထင်​​ပေါ်နိုင်​တာကို ကျွန်​​တော်​ လက်​ခံသ​ဘော​ပေါက်​ခဲ့ပြီ ....။

ကျွန်​​တော့်​ကို နမ်​ဂျွန်​မြင်​​တွေ့ရင်​ ဘယ်​လိုဖြစ်​သွားမလဲဆိုတာ မ​တွေးရဲ​အောင်​ပင်​ ရင်​​တွေခုန်​​နေမိပြန်​သည်​။

_

_

_

" တီ .... တီ .... "

 ပန်းရောင်ခြယ်သော ✔Where stories live. Discover now