၁၃

2.5K 340 31
                                    

" Hyung ကျွန်​​တော့်​ကိုဖုန်းဆက်​ချိန်းတာ အ​ရေးကြီးကိစ္စရှိလို့လား .... "

သူ့စားပွဲအထိတည့်​တည့်​မတ်​မတ်​ဝင်​လာကာ မျက်​နှာချင်းဆိုင်​ခုံမှာ ဝင်​ထိုင်​ရင်း ထယ်​​ယောင်း​မေးသည်​။

ထယ်​​ယောင်းပုံစံက တည်​ငြိမ်​​အေးချမ်း​နေသ​လောက်​ သူ့ရင်​ထဲမှာ​တော့ ဗ​လောင်​ဆူ​နေသည်​။

ဖြစ်​နိုင်​လျှင်​ ထယ်​​ယောင်းမျက်​နှာကို လက်​သီးဖြင့်​ စိတ်​ရှိလက်​ရှိ အားပါးတရထိုးပစ်​ချင်​သည်​။

" Hyung ... ဘာလို့ကျွန်​​တော့်​ကို ဒီ​လောက်​ထိစိုက်​ကြည့်​​နေတာလဲ ... "

" ငါ့ ​ဒေါသ​တွေမျိုချ​နေတာ ... "

သူ့​လေသံမာဆက်​ဆက်​​ကြောင့်​ ထယ်​​ယောင်း ဆတ်​ခနဲဖြစ်​သွားရင်း တည်​တည်​ငြိမ်​ငြိမ်​​လေးပဲပြုံးသည်​။

" ​ပြောပါဦး ​ဒေါသထွက်​ရတဲ့အ​ကြောင်းအရင်းကို .. ဒါနဲ့ ခိုင်​လုံမှဖြစ်​မှာ​နော်​ နမ်​ဂျွန်​​Hyung.. ... "

ထယ်​​ယောင်း၏ ခပ်​​ထေ့​ထေ့အ​မေးစကား​ကြောင့်​ နမ်​ဂျွန်​ သွယ်​ဝိုက်​မ​နေ​တော့ပဲ ရှင်းရှင်းပဲ​မေးလိုက်​​တော့သည်​။

" အခု မင်းရင်​ထဲမှာ ဘယ်​သူရှိ​နေလဲ ၊ အတိအကျသိချင်​တယ်​ ... "

ထယ်​​ယောင်း မျက်​ခုံးတန်းတန်း​တွေပင့်​လျှက်​ နမ်​ဂျွန်​ကို စူးစူးနစ်​နစ်​စိုက်​ကြည့်​​နေသည်​။ ပြီးမှ တွန့်​ခနဲတစ်​ချက်​ပြုံးရင်း _

" ဘာလဲ ... Hyungရဲ့ ဟို​ဆော့​လေးကို ကျွန်​​တော်​က ချိန်​​နေတယ်​ထင်​လို့လား .. "

" ငါသိချင်​တာ မင်းပါးစပ်​ကအ​ဖြေပဲ ထယ်​​ယောင်း ... ဟို​ဆော့လား ဟိုပါပီ​ကောင်​လား။ ဒါမှမဟုတ်​ နှစ်​​ယောက်​စလုံးလား .. "

" နိုးး .... မှား​နေပြီ ကျွန်​​တော်​ အဲ့​လောက်​​လောဘမကြီးပါဘူး ... ဟို​ဆော့hyungက ကျွန်​​တော့်​အကိုဆရာပါပဲ ၊ ကျွန်​​တော့်​စိတ်​ထဲမှာ အကိုတစ်​​ယောက်​လိုခင်​မင်​တဲ့သံ​ယောဇဉ်​ကလွဲရင်​ ဘာမှမရှိဘူး ... အရှင်းဆုံး​ပြောရရင်​ ဟို​ဆော့hyungက အ​ရေး​ပေးဆက်​ဆံ​နေတာ​တောင်​ ကျွန်​​တော်​က Hyungကို တကယ်​အားနာရတယ်​ ... စိတ်​မ​ကောင်းဖြစ်​​နေတာ ... "

 ပန်းရောင်ခြယ်သော ✔Where stories live. Discover now