၁၀

2.7K 394 22
                                    

" ​ဟေ့ ... ခင်ဗျားကျူပ်​​​အခန်းထဲဘာဝင်​လုပ်​တာလဲ ..!! "

မထင်​မှတ်​ပဲစူးခနဲထွက်​​ပေါ်လာ​သော နမ်​ဂျွန်​အသံ​ကြောင့်​ ​ခွေး​ခြေခုံအမြင့်​ကြီး​ပေါ်မှာ ရပ်​​နေ​သော ​ဆော့ဂျင်​ တွန့်​ခနဲဖြစ်​သွားရသည်​။

ပြီး​တော့မှ ​နောက်​ကိုမဝံ့မရဲလှမ်းကြည့်​မိသည်​။

မျက်​​မှောင်​ကြီးကြုပ်​ ​မော့ကြည့်​​နေ​သော နမ်​ဂျွန်​။ ဒီ​နေ့ကျမှ ဘာ​ကြောင့်​​စော​စောပြန်​လာသည်​ မသိ။

" လိုက်​ လိုက်​ကာ​တွေ အသစ်​လဲ​ပေး​နေတာပါ နမ်​ နမ်​ဂျွန်​ ... "

တွန့်​ဆုတ်​ဆုတ်​နိုင်​​သော ​ဆော့ဂျင်​အသံ​လေး​တွေက တုန်​ယင်​​နေသလို လူကလည်း တုန်​ရီချင်​​နေပြီ။

တီရှပ်​အကျီအဖြူ​ရောင်​ပွပွ​လေးကို ဂျင်း​ဘောင်းဘီအတို​လေးနဲ့ က​လေးဆန်​စွာ ကြည့်​​ကောင်း​နေ​သော ​ဆော့ဂျင်​ဟာ အရင်​က ပုံစံမျိုးနဲ့ ကွဲပြားခြားနားစွာ ပိုမို​​ချော​မော​နေတယ်​ဆိုတာ သူလက်​ခံမိလာသည်​။

ဂျင်း​ဘောင်းဘီအတို​လေးက ဒူး​ဖုံးရုံမျှ​လေးမို့ ​ခြေသလုံးသားဝင်းမွတ်​မွတ်​​လေး​တွေကို မြင်​ရသည်​မို့ နမ်​ဂျွန်​ခပ်​​ငေး​ငေး​လေး ကြည့်​​နေမိ​သေးသည်​။

ပြတင်း​ပေါက်​က လိုက်​ကာ​တွေကို ​ခွေး​ခြေခုံရှည်​​ပေါ်တက်​ရပ်​ပြီး ဖြုတ်​​နေ​သောမြင်​ကွင်းကို နမ်​ဂျွန်​ မနှစ်​မြို့စွာ ​တောက်​တစ်​ချက်​​ခေါက်​မိသည်​။ လက်​ထဲကပိုက်​ဆံအိပ်​နဲ့ ဖုန်းကို ​မွေ့ရာ​ပေါ် ဘုတ်​ခနဲလှမ်းပစ်​တင်​လိုက်​ရင်း_

" ကျူပ်​အခန်းထဲကိုဝင်​တာ မကြိုက်​ဘူးလို့​ပြောထားရဲ့နဲ့ ဘာလို့ဝင်​လာတာလဲ "

" ဟို အဲ လိုက်​ကာလဲမလို့ပါ "

ကြောက်​စိတ်​​ကြောင့်​ ​ဆော့ဂျင်​ ဒူး​လေး​တွေ​တောင်​ တုန်​ချင်​လာသည်​။ ​အောက်​က ​ခြေတံရှည်​ခုံတန်း​လေးက ခပ်​လှုပ်​လှုပ်​ဖြစ်​လာသည်​။

" ​မေ​မေ​လေး လဲခိုင်းလို့ပါ နမ်​ဂျွန်​မကြိုက်​ရင်​ လဲမ​ပေး​တော့ပါဘူး "

 ပန်းရောင်ခြယ်သော ✔Where stories live. Discover now