ခေါက်ဆွဲပြုတ်ကို အားရပါးရငုံ့စားနေသော နမ်ဂျွန်ကိုကြည့်ပြီး ဟိုဆော့ပြုံးစိစိဖြစ်နေသည်။ ထမင်းတစ်နပ်လောက်မစားလိုက်ရတာနဲ့ ခေါက်ဆွဲပြုတ်ကို သုံးပွဲလောက်ဆင့်စားရတယ်လို့။ အံ့သြပါရဲ့။
" မိုးလင်းထဲကစဉ်းစားမိတာ စားဖို့ပါပဲ .... စားမှာပဲ စားမှာပဲ .... ဗိုက်ပေါက်အောင်စားမယ် ..... ဟားဟား .... "
ဟိုဆော့ လှောင်ရယ်သံနဲ့သီချင်းလေးဆိုလိုက်တော့ နမ်ဂျွန်မော့ကြည့်ပြီး _
" Ya .... ဟိုဆော့ မင်းငါ့ကိုလာလှောင်နေတာလား .... "
နမ်ဂျွန်က ပလုတ်ပလောင်းအသံကြီးနဲ့ မကျေမနပ်လှမ်းမေးသည်ကို ဟိုဆော့အပြုံးမျက်နှာလေးပျက်ယွင်းမသွားပဲ_
" ဟီးဟီး .... လှောင်တာမဟုတ်ဘူး ပြောင်တာပြောင်တာ ... မင်းထမင်းတစ်နပ်မစားရတာတကယ်လား နမ်ဂျွန် .... "
" ပြသနာပဲ ... ညာစရာလား အိမ်မှာ ပါပီကောင်ကြောင့်ဂြိုလ်ဝင်နေတာ မင်းမှမသိပဲ .... "
နမ်ဂျွန်စကားကြောင့် ဟိုဆော့မျက်လုံးကလေးတွေဝိုင်းကာ မျက်မှောင်ကြုတ်ကာစဉ်းစားဟန်ပြုသည်။ ပြီးမှ _
" နေပါဦးဟ .... ငါတို့သူငယ်ချင်းတွေထဲမှာ ပါပီကောင်ဆိုတာမရှိပါဘူး .... ဘယ်သူလဲဟ မင်းအမျိုးလား .... "
နမ်ဂျွန် ဖန်ခွက်ထဲရေကိုမော့သောက်သည်။ ပြီးတော့ စားပွဲပေါ် ဖန်ခွက်ကို မကျေမနပ်လေးဆောင့်ချသည်။
" အဲ့ဒီ ပါပီကောင်ဆိုတာ ငါ့အပေါင်းအသင်းထဲမှာလည်းမရှိဘူး ဆွေမျိုးထဲမှာလည်းမဝင်ဘူး .... ငါ့အိမ်ကိုဘယ်လိုနတ်ဆိုးကပို့လိုက်တဲ့ မကောင်းဆိုးဝါးကောင် လည်းမသိပါဘူးကွာ ... "
နမ်ဂျွန် စကားတွေက အရင်းမရှိအဖျားမရှိမို့ ဟိုဆော့နားမလည်နိုင်စွာ ပုခုံးလေးကျုံ့ခေါင်းလေးကိုခါယမ်းလိုက်သည်။
" မင်း ဘာတွေပြောနေမှန်းငါမသိဘူး ... ပါပီတွေရော နတ်ဆိုးတွေရော မကောင်းဆိုးဝါးတွေရော ဘာလဲ .. အဲ့ဒါတွေအကုန်လုံး မင်းကိုယ်ထဲမှာဝင်ပူးနေလို့လား .... "