ဒီည နမ်ဂျွန်ဆိုတဲ့ကောင် တကယ်စွန့်စားရမဲ့ည......။
ကိုယ့်ဘက်က လက်ဦးမှုမရခဲ့ရင် မနက်ဖြန်ဆိုသော အချိန်တစ်ခုမှာ ဆော့ဂျင်ကို တစ်ဘဝစာ ဆုံးရှုံးရလိုက်တော့မှာလေ......။
မနက်ဖြန်စေ့စပ်ပွဲအတွက် ထယ်ယောင်းတစ်ယောက် အိမ်ကို ခြေချင်းလိမ်အောင်ဝင်ထွက်ကာ ပျာယာခတ်နေသည်......။
သူ့မှာသာ ထယ်ယောင်းရဲ့မျက်နှာကိုမမြင်ချင်၍ အခန်းထဲမှာ ကွန်ပျူတာတစ်လုံးနှင့် အလုပ်ရှုပ်နေဟန်ပြကာ နေနေမိသည်......။
ထယ်ယောင်းရှိနေသည့်အချိန်မှာ အပြင်မထွက်သောသူ့ကို မားကလည်းနားလည်ပေးထားပုံပါပဲ.........။
ဆော့ဂျင်ရဲ့အသံတွေကတော့ ထူးခြားစွာတိတ်ဆိတ်နေ၏ .....။
" သား မဖြစ်သင့်တာကို မဖြစ်စေနဲ့ကွယ်၊ သားအတွက် မားစိတ်မကောင်းပေမဲ့ အားလုံးမျက်နှာအတွက် သား စတေးလိုက်ပါကွယ် ....."
မားက သူ့ကို နှစ်သိမ့်စကားတွေဆိုသွားခဲ့သည်။ သူ ခွန်းတုံ့မပြန်ဘဲနေပေးလိုက်၏။ မားက သူ့ဝေဒနာကိုမမြင်ရက်စွာ ဂျီမင်တို့ဆီ စိတ်ပြေလက်ပျောက်သွားဖို့ပြောသေးသည်.......။
ဒါပေမဲ့ သူ ဘယ်မှမထွက်ဖြစ်ပါ။ ဆော့ဂျင်ရဲ့အရိပ်လေးကို မြင်နေရသောနေရာမှာ သူရှိမှဖြစ်မည်....။
ညနေ ငါးနာရီထိုးမှပဲ ထယ်ယောင်းပြန်သွားသည်။ ဒီတော့မှပဲ အခန်းအောင်းနေသောသူ ရေမိုးချိုးနိုင်တော့သည်......။
မလာစဖူး ညရှစ်နာရီလောက်မှာ ဟိုဆော့ရောက်လာသည်။ သူ့ကိုနှုတ်ဆက်ရုံမျှသာဆက်ပြီး ဆော့ဂျင်နှင့်ခြံထဲဆင်း စကားတွေပြောနေကြသည်......။
ဟိုဆော့လည်း သူ့လိုကြေကွဲနေသည်လား။ ဒါပေမဲ့ သူကတော့ ဟိုဆော့လို ဟန်မဆောင်နိုင်ပါ...........။
ဒီအချိန်လေးကို အခွင့်ကောင်းယူကာ သူ ဆော့ဂျင်အခန်းထဲ လှစ်ဝင်ခဲ့သည်။ ဒါ သူ့ရဲ့အကြံအစည်ကို အကောင်အထည်ဖော်ဖို့ပဲဖြစ်သည်။ သူ့ရင်တွေခုန်နေတာကတော့ လူပျိုရိုင်းလေးအတိုင်းပါပဲ.......။