၁၅

2.8K 332 16
                                    

" ဘာ .... ဘာ​ပြောလိုက်​တယ်​ Hyung ...!! "

သူ့မျက်​လုံး​တွေ မယုံနိုင်​​အောင်​ ပြူးကျယ်​သွားခဲ့ကာ ဟို​ဆော့Hyungကို ပြန်​​မေးရမိတဲ့အထိ အံ့သြသွားခဲ့သည်​ ....။

ဟို​ဆော့Hyungက ​ကျေနပ်​အပြုံး​တွေ​ဝေဖြာ​နေ​သော မျက်​ဝန်း​တွေနှင့်​ကြည့်​​နေရင်း _

" မင်း အရမ်းအံ့သြသွားမယ်​ဆိုတာ ငါထင်​ပြီးသား​လေ ၊ ထပ်​​ပြောပြမယ်​ ​သေချာနား​ထောင်​ ၊ အခု နမ်​ဂျွန်​နဲ့ ​ဆော့ဂျင်​Hyungတို့ ​ပြေလည်​သွားကြပြီတဲ့ ရှင်းပြီလား ... မရှင်းရင်​ထပ်​​မေး​နော်​ ၊ အဲ့သတင်းကို ငါက ဝမ်းသာလွန်းလို့ ခနခန​ပြောချင်​​နေတာ .. ဟီး ... "

ဟို​ဆော့ပြုံး​ပြုံး​လေး​ပြော​နေ​ပေမဲ့ သူမပြုံးနိုင်​တာအမှန်​ ....။ ရင်​ထဲမှာ သံသယ​တွေ တနင့်​တပိုးနှင့်​ စိုးရိမ်​စိတ်​ကြီးက ချက်​ချင်းဝင်​လာသည်​ ...။

ဒါ ဘာသ​ဘောလဲ။ နမ်​ဂျွန်​ရည်​ရွယ်​ချက်​က ဘာအဓိပ္ပါယ်​လဲ။ တစ်​ချိန်​လုံး အနိုင်​ကျင့်​ခဲ့တဲ့​သူက အခုမှ Hyungနဲ့​ပြေလည်​သွားတာ ရိုးသားမှု​တော့မဟုတ်​နိုင်​ ...။

" ​ဆော့ဂျင်​Hyungလည်း အရမ်း​ပျော်​​နေတာ ... သိလား ထယ်​​ယောင်း "

ဟို​ဆော့စကား​ကြောင့်​ ​ဟောလ်​ထဲမှာ အက​လေ့ကျင့်​​နေ​သော ​ဆော့ဂျင်​ဆီ အကြည့်​​ရောက်​သွားခဲ့သည်​ ...။

မနက်​ထဲက ​ဆော့ဂျင်​မျက်​နှာ​လေး ပြုံးရွှင်​ကြည်​နူး​နေတာ သူသတိထားမိသည်​။ အခုလည်း ဂီတသံနှင့်​အတူက​နေပုံက မြူးကြွသွက်​လက်​လို့​နေသည်​ ...။

" နမ်​ဂျွန်​က သူ့အမှား​တွေကိုနားလည်​သွားပြီး စ​တောင်းပန်​ခဲ့တာတဲ့ ... "

" ဖြစ်​နိုင်​ပါ့မလား Hyung ... ကျွန်​​တော်​​တော့ သိပ်​မယုံဘူး ... "

" ဟင်​ ဘာကိုမယုံတာလဲ ထယ်​​ယောင်း ... "

ဟို​ဆော့အပြုံး​လေး​တွေ​ပျောက်​ကွယ်​ကာ မျက်​ခုံးတန်းတန်း​လေး​တွေကုပ်​ပြီးကြည့်​​နေ​တော့ သူ ​ခေါင်းကိုခါယမ်းရင်း _

" နမ်​ဂျွမ်​Hyungကို မယုံတာ​လေ ၊ သူ ဘယ်​​လောက်​ထိ​ခေါင်းမာလည်းဆိုတာ အားလုံးအသိပဲ​လေ ... အခု ​ဆော့ဂျင်​Hyungကို ​တောင်းပန်​တယ်​ဆိုတာ ယုံလို့ရပါ့မလား ဘာ​တွေစိတ်​ကူး​နေတာလဲ မသိဘူး .... "

 ပန်းရောင်ခြယ်သော ✔Where stories live. Discover now