၁၂

2.7K 339 24
                                    

ညိုး​ရော်​မှိန်​​ဖျော့​သောမျက်​နှာ​လေးနှင့်​ ခုတင်​​ပေါ်မှာလှဲ​နေ​သော ​ဆော့ဂျင်​ကိုကြည့်​ကာ ဟို​ဆော့စိတ်​မ​ကောင်းပါ။ နမ်​ဂျွန်​အ​ပေါ်မှာ ​ဒေါသ​တွေလှိမ့်​ထွက်​​နေမိသည်​။

တော်​​တော်​ လူမဆန်​တဲ့ နမ်​ဂျွန်​ပါလား။

" Hyung သက်​သာရဲ့လားဟင်​ ... "

ဟို​ဆော့အ​မေးစကားကို ​ဆော့ဂျင်​က ယဲ့ယဲ့​လေးပြုံးကာ ​ခေါင်းငြိမ့်​သည်​။

" သက်​သာပါတယ်​ ဟို​လေးရယ်​ ... Hyung သင်​တန်းပျက်​ရက်​​တွေ များပြီ​နော်​ .... "

သင်​တန်းနှစ်​ရက်​​လောက်​ ပျက်​တာကိုပဲ ​ဆော့ဂျင်​Hyungက အားနာသလို ဝမ်းနည်းသလို​ပြော​နေတာမို့ _

" ဟာ ... ကျန်းမာ​ရေးထက်​ ဘာမှအ​ရေးမကြီးပါဘူးဗျာ ... အဓိက , က Hyung ​နေပြန်​​ကောင်းလာဖို့ပဲမဟုတ်​လား ... "

ဟို​ဆော့ အား​ပေးနှစ်​သိမ့်​စကားဆို​တော့ ​ဆော့ဂျင်​ ယဲ့ယဲ့​လေးပြုံးရှာသည်​။

" ဒီတစ်​​ခေါက်​ရှိုးပွဲကျရင်​ မိုင်​နာအဖွဲ့ထဲမှာ Hyungကိုထည့်​​ပေးထားတယ်​ ... ပွဲအ​တွေ့အကြုံရှိ​အောင်​​လေ ... အဲ့ဒီရှိုးပွဲအတွက်​အကတိုက်​ဖို့အတွက်​ Hyungက အမြန်​​နေ​ကောင်းမှ ဖြစ်​မှာ​လေ .... "

ဟို​ဆော့စကား​ကြောင့်​ ​ဆော့ဂျင်​မျက်​နှာ​လေး ဝင်းပသွားကာ_

" ဟာ .... တကယ်​ Hyungဝမ်းသာလိုက်​တာ ဟို​လေးကိုလည်း အရမ်း​ကျေးဇူးတင်​တယ်​ ရှိုးပွဲမှာ ဝင်​ကရမယ်​ဆို​တော့ အရမ်း​ပျော်​တာပဲ ... "

ဖျော့​တော့​တော့မျက်​နှာ​လေးက ဝမ်းသာရိပ်​​တွေနဲ့ ချက်​ချင်း​သွေး​ရောင်​ပြန်​လွှမ်းလာ​တော့ ဟို​ဆော့ ​ဆော့ဂျင်​လက်​​လေးကိုဆုပ်​ကိုင်​ရင်း_

" အရမ်းလည်း​ကျေးဇူးတင်​မ​နေနဲ့ဦး ဒါ Hyungရဲ့အရည်​အချင်း​ကြောင့်​ ပါခွင့်​ရတာ ၊ Hyungသာ အရည်​အချင်းမရှိဘူးဆိုရင်​ ဒီလိုပွဲမျိုး​တွေမှာ Hyungကို ထည့်​သုံးလို့ရမှာမဟုတ်​ဘူး​လေ ..... "

" သားတို့​ရေ .... ထယ်​​ယောင်း​လေးလာတယ်​ ..."

အခန်းဝမှ​မေ​မေ​လေးအသံ​ကြောင့်​ ​ဆော့ဂျင်​နဲ့ဟို​ဆော့ အခန်းဝကိုအာရုံ​ရောက်​သွားကြသည်​။ အခန်းဝမှာရပ်​​နေ​သော ​မေ​မေ​လေးရဲ့အ​နောက်​မှာ ထယ်​​ယောင်းရပ်​​နေသည်​။

 ပန်းရောင်ခြယ်သော ✔Where stories live. Discover now