(28)

383 70 2
                                    

(Unicode)

လော့တုန့်ချန် သူတို့ကိုမတွေ့အောင် ဟယ်ကွမ်းသည် တစ်ချက်ကြည့်လိုက်ပြီး ပထမထပ်ဆီသို့ ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။

ရွှေဖရုံသီးနှင့် ကမာကောင်များကို ကိုင်ဆောင်ထားသည့် ဟယ်ကွမ်းသည် ဟင်းနှစ်ပွဲဖြစ်သည့် ကြက်သွန်ဖြူကမာနှင့် ရွှေဖရုံသီးချိစ်ကမာပန်းကန်လုံးတို့ကို ပြုလုပ်ရန် ရည်ရွယ်ထားသည်။

ကမာကောင်တွေဆီမှ သဲတွေကို ဖယ်ထုတ်ဖို့ ရေနဲ့ ဆားကို ဇလုံတစ်ခုထဲမှာ ထည့်လိုက်သည်။ တခြားဟင်းလျာတွေ ပြင်ဆင်နေတဲ့ ဦးလေးယွဲ့နဲ့ ရန်နင်ကို အကြောင်းကြားပြီးတာနဲ့ အပေါ်ထပ်ကို တက်သွားလိုက်သည်။

ဒုတိယထပ် ဧည့်ခန်းက ဗလာဖြစ်နေ၏။

"လော့တုန့်ချန်၊ ကျွန်တော် ဒီမှာ"

လော့တုန့်ချန်၏အသံသည် အတွင်းမှ ခပ်တိုးတိုး ထွက်ပေါ်လာပြီး
"အနာဂတ်မှာ ကိုယ့်ကိုယ်ကို ကြော်ငြာနေစရာ မလိုဘူး"

တံခါးနားရောက်တော့ ဟယ်ကွမ်းက
"လူတစ်ယောက်က မပြောမဆိုရောက်လာရင် ခင်ဗျားစိတ်မရှုပ်ဘူးလား"

လော့တုန့်ချန် စာအုပ်ဖတ်နေတာကိုမြင်ရတာ ရှားပါးသည်။ ထူထဲသော ထုထည်ကို ကိုင်ထားရင်း ဖောင်းကြွနေသော စကားလုံးတိုင်းကို စေ့စေ့စပ်စပ် ခံစားနေပုံရသည်။

လော့တုန့်ချန်သည် ဖြည်းညှင်းစွာစာဖတ်နေသည်။ သူ၏ပိန်ပါးသော ညာဘက်လက်က သိမ်မွေ့သောသွေးပြန်ကြောများကို ပြသနေသည်။ သူ၏လက်ချောင်းထိပ်များသည် စာလုံးတစ်ခုစီပေါ်တွင် ရွေ့လျားနေသည်။

"အဝတ်အစားလဲပေးဖို့ ကျွန်တော်ရောက်လာတာ...ခင်ဗျားဘယ်လက်ကိုပေး"

လော့တုန့်ချန်က စာအုပ်ကိုချလိုက်ပြီး သူ့လက်ကို လှမ်းပေးလာသည်။

ဟယ်ကွမ်းသည် လက်ညိုး၏လက်သည်းကို ဦးစွာစစ်ဆေးခဲ့သည်။ မနေ့က သနားစရာကောင်းတဲ့ မြင်ကွင်းထက် ပိုကြည့်ကောင်းနေသည်။ ထို့နောက် သူသည် ပိတ်စကို ညင်သာစွာ စည်းနှောင်ပေးလိုက်သည်။

လူတစ်ယောက်၏လက်သည် မျှော်လင့်ထားသည်ထက် ပို၍နူးညံ့သည်။ ဟယ်ကွမ်းပတ်တီးစည်းနေရင်း လော့တုန့်ချန်၏လက်ကို ရံဖန်ရံခါ ပွတ်တိုက်မိနေသည်။ သူ၏ နွေးထွေးသောလက်သည် ငြိမ်မနေဘဲ ပတ်တီးတစ်ခုလုံးကို ဖယ်ရှားလိုက်စဉ် လော့တုန့်ချန်၏ လက်ဖဝါးကို ဆုပ်ကိုင်ထားသည်။

You've reached the end of published parts.

⏰ Last updated: May 15 ⏰

Add this story to your Library to get notified about new parts!

မျက်မမြင်ဗီလိန်၏Exအဖြစ်ကူးပြောင်းခြင်း【MM Translation】Where stories live. Discover now