(21)

1.3K 199 4
                                    

(Unicode)

လော့တုန့်ချန်သည် အိမ်တွင် တစ်ခါမှမချက်ပြုတ်ခဲ့ဖူးပေ။ အိမ်ဖော် ဒါမှမဟုတ် ပရော်ဖက်ရှင်နယ် စားဖိုမှူးတွေကသာ အမြဲတမ်းချက်ပြုတ်ပေးလေ့ရှိသည်။ သူသည် အစားအသောက်ကို ဇီဇာကြောင်ခြင်းမရှိ ဗိုက်ပြည့်ရင်ကျေနပ်သည်။

လော့တုန့်ချန် အလုပ်ရှုပ်တဲ့အချိန်တွေမှာ အိမ်အကူတွေက သူ့ဆီ အစားအသောက်တွေ ယူလာရင်တောင်မှ ဂရုမစိုက်ဘဲထားမှာဖြစ်ပြီး သူသတိရတဲ့အချိန်မှာတော့ ဟင်းတွေပင် အေးနေလိမ့်မည်။ သူသည် အစားအစာအပေါ် အာရုံခံနိုင်စွမ်းနည်းပါးလွန်းသည်။

သူ့ဘဝရဲ့ အဓိက အာရုံက အမြဲတမ်း အလုပ်ထဲမှာပင်။ ဘဝရဲ့အနှစ်သာရလို့ တစ်ချိန်က သူယုံကြည်ခဲ့ပေမယ့် အခုပြန်တွေးကြည့်တော့ ဒါဟာ သူ့ကိုယ်ပိုင် စိတ်ကူးမျှသာ ဖြစ်သည်။

လော့တုန့်ချန်ရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး ဟယ်ကွမ်းက ရယ်မောရင်း
"ကျွန်တော် လိမ်နေတာ...အခုခင်ဗျားရဲ့ဒဏ်ရာရနေတဲ့ လက်ချောင်းကလွဲလို့ ကျန်တာအားလုံးလုပ်ပြီးပြီ။ ဟင်းချက်ပြီးရင် ခင်ဗျားကို လှမ်းခေါ်လိုက်မယ်။ ကျွန်တော့်ရဲ့ ဟင်းချက်ကျွမ်းကျင်မှုက ထိပ်တန်းပဲလို့ အာမခံတယ်”

ဟယ်ကွမ်းသည် လော့တုန့်ချန်၏လက်ကို အာရုံစိုက်နေသောကြောင့် သူမော့ကြည့်မိသောအခါတွင်မှ ထိုသူ၏မျက်လုံးအောက်ရှိ အမဲဝိုင်းလေးများ ရှိနေသည်ကို သတိပြုမိသည်။

ဘာမှသေချာမတွေးဘဲ ဟယ်ကွမ်းက မေးလိုက်သည်။
"ခင်ဗျားမှာ ပန်ဒါဝက်ဝံလို အညိုရောင်အဝိုင်းလေးတွေ ရှိနေတယ်။ ဘယ်အချိန်က နောက်ဆုံးအိပ်ခဲ့တာလဲ"

လော့တုန့်ချန်က ပြန်ဖြေလာသည်။
"မျက်လုံးမှိတ်ထားတာက အိပ်တာနဲ့အတူတူပဲ မဟုတ်လား"

ဟယ်ကွမ်း : "..."
ခေါင်းမာလိုက်တဲ့လူ!!

အခန်းပတ်၀န်းကျင်ကို လှည့်ကြည့်လိုက်တော့ ဟယ်ကွမ်းက နံရံမှာ နာရီတစ်လုံးရှိတာကို သတိထားမိလိုက်သည်။ သူက ခဏလောက် စဉ်းစားလိုက်သည်။

စက်နာရီတစ်လုံး၏ အသံကို အများစုက မကြားနိုင်သော်လည်း၊ မျက်စိကွယ်ပြီးနောက် အကြားအာရုံနှင့် အနံ့ခံအာရုံများ တိုးတက်လာနေသော လော့တုန့်ချန်အတွက် နှိပ်စက်ညှဉ်းပန်းခံနေရသလို ဖြစ်သွားနိုင်သည်။

မျက်မမြင်ဗီလိန်၏Exအဖြစ်ကူးပြောင်းခြင်း【MM Translation】Where stories live. Discover now