(19)

1.2K 212 8
                                    

(Unicode)

အိမ်ထဲတွင် အပူပေးစက်မရှိပေ။ ရေနှင့် လျှပ်စစ်မီးကလည်း ပြတ်တောက်နေလေ၏။ ဟယ်ကွမ်းက circuit breakerကို စစ်ဆေးခဲ့သေးသည်။ တစ်စုံတစ်ယောက်က တမင်ပိတ်ထားပုံပင်။ ထိုအမြင့်ကိုရောက်ဖို့ လှေကားတစ်ခု လိုအပ်သည်။ လော့တုန့်ချန်ကတော့ သူ့ကိုယ်သူ အန္တရာယ်ပြုဖို့ ကြိုးစားမှာမဟုတ်ပေ။

ထို့ပြင် ဤလူများသည် လော့တုန့်ချန်ဆီသို့ တစ်ယောက်ယောက်အလည်သောအခါ ပြန်ဖွင့်ပေးမည်ကိုစိုးရိမ်နေပုံရသည်။ circuitကြိုးများအားလုံးကို ဖြတ်တောက်ထားကြသည်။

လော့တုန့်ချန်က သူ့အိမ်မှာနေတာတောင် မလုံခြုံတော့ဘူး။ ထို့ကြောင့် ဟယ်ကွမ်းသည် သူ၏ကိုယ်ပိုင်နေရာလေးကို အဆောတလျင် မကျူးကျော်ခဲ့ပေ။ လော့တုန့်ချန်၏ခံစားချက်များ ပြောင်းလဲသွားသည်ကို သူနားလည်နိုင်ပါသည်။

လော့တုန့်ချန် : "ဝင်ခဲ့"

ဟယ်ကွမ်း၏အသံသည် ပေါ့ပါးစွာ ထွက်ပေါ်လာခဲ့သည်။
"ကောင်းပြီ"

ဟယ်ကွမ်းသည် အတွင်းအကျဆုံး အခန်းထဲသို့ ဝင်ကာ လမ်းတွင်ရှိနေသော ခေါင်းအုံးကို ကောက်ကိုင်လိုက်သည်။

အထဲမှာ ကုတင်တစ်လုံး၊ ရေချိုးခန်း၊ အပူပေးစက်နဲ့ ဗီရိုတစ်ခုကလွဲရင် တခြားဘာမှ မရှိပေ။

လော့တုန့်ချန်က ကုတင်ပေါ်မှ ထထိုင်လိုက်သည်။

သူမျက်စိမမြင်နိုင်တာကြောင့်လည်း ဖြစ်နိုင်သည်။ ဟယ်ကွမ်း သူ့ကို စတွေ့ကတည်းက သူ့မျက်လုံးတွေ တင်းတင်းကြပ်ကြပ် မှိတ်ထားတာကိုသာမြင်ခဲ့ရသည်။ မျက်လုံးများက ဖွင့်ထားသည်ဖြစ်စေ၊ ပိတ်ထားသည်ဖြစ်စေ မကွဲပြားသောကြောင့်လည်း ဖြစ်နိုင်သည်။

ဟယ်ကွမ်း : "နိုးပြီလား? ကျွန်တော် ခင်ဗျားကို နှောင့်ယှက်မိသွားလား?"

လော့တုန့်ချန်က တင်းမာသောလေသံဖြင့်ပြောလာသည်။
"အိပ်မပျော်ဘူး"

ဟယ်ကွမ်း : "ကောင်းပြီ"

သူက ဂလူးကို့စ်တစ်ပုလင်းကို လွှဲပေးရင်း "ဒီဟာသောက်လိုက်...ဂလူးကို့စ် 100ml"

မျက်မမြင်ဗီလိန်၏Exအဖြစ်ကူးပြောင်းခြင်း【MM Translation】Where stories live. Discover now