(17)

1.1K 192 7
                                    

(Unicode)

လော့တုန့်ချန်၏အဖေက လက်မထပ်ခင် ဒေါ်လာသန်း၅၀ပေးခဲ့ပေမယ့် မူလပိုင်ရှင်က ဖြုန်းတီးပစ်ခဲ့သည်။ ဟယ်ကွမ်းက အကောင့်ထဲရှိ လက်ကျန်ငွေကို စစ်ဆေးခဲ့ရာ ဒေါ်လာတစ်သန်းအောက်သာ ရှိတော့သည်။ လက်ထပ်ပြီးရင် ငွေထပ်ပေးမယ်ဆိုတာ အဓိပ္ပာယ်မရှိတဲ့ ကတိတစ်ခုပဲ။ လက်ထပ်ပြီးနောက်ပိုင်းကိစ္စတွေကို လော့မိသားစုက ဘယ်သူမှ ဂရုစိုက်မှာမဟုတ်တော့ဘူး။ အဲ့ဒီအချိန်ကျရင် လော့တုန့်ချန်က ယောက်ျားတစ်ယောက်နှင့် အိမ်ထောင်ပြုပြီးပြီဆိုတာ လူတိုင်းသိနေလောက်ပြီ။

အိမ်ထောင်ပြုပြီးရင် ပိုက်ဆံထပ်ပေးမယ် ဟုတ်လား?? အဲ့ဒါလော့မိသားစုက သူ့ကို အရူးလုပ်ရုံသက်သက်ပဲ...
ဒါပေမယ့် အဲ့ဒီကိစ္စကြောင့်လည်း ဟယ်ကွမ်းက ဒီမှာနေဖို့ အကြောင်းပြချက်တစ်ခုရသွားခဲ့တယ်။

ဟယ်ကွမ်းက
"အနာဂတ်မှာ ကျွန်တော်တို့ မိသားစုတွေ ဖြစ်လာလိမ့်မယ်...စိတ်မပူပါနဲ့ ခင်ဗျားကို ကောင်းကောင်းဂရုစိုက်မှာပါ...မဟုတ်ရင် ပိုက်ဆံရဖို့ ခက်ခဲလိမ့်မယ်"

လော့တုန့်ချန် "...."

ဟယ်ကွမ်းက မေးလိုက်သည်။
"ဟေး...ခင်ဗျား မနက်စာစားပြီးပြီလား"

"မစားရသေးဘူး"

အဲဒါကိုကြားတော့ ဟယ်ကွမ်းက သူ့ကို လှည့်ကြည့်လိုက်မိသည်။
"ကျွန်တော် မေးခွန်းမှားမေးမိတာလား ?? ခင်ဗျားတစ်ခုခုစားပြီးတာ ဘယ်လောက်ကြာခဲ့ပြီလဲလို့ မေးသင့်တယ်ထင်တယ်။ ဒီမှာ ခင်ဗျားကို ဂရုမစိုက်ပေးမယ့်နန်နီလည်း ရှိမယ်မထင်ဘူး”

လော့တုန့်ချန်က ပြန်ဖြေခဲ့သည်။
"နှစ်ရက်....အလုပ်ထုတ်လိုက်တာ"

ဟယ်ကွမ်း : "...အိုး"

လော့တုန့်ချန် အစာမစားရတာ နှစ်ရက်ရှိပြီ။ အသက်ရှင်ဖို့အတွက် ရေအပေါ်မှာပဲ အားကိုးနေရတော့ သူ့အသံက အားနည်းနေလေ၏။

ဟယ်ကွမ်းက သူ့ကို ဂရုတစိုက်ကြည့်လိုက်သည်။ လော့တုန့်ချန် မျက်စိကွယ်သွားခဲ့သည်မှာ အကြမ်းဖျင်းအားဖြင့် နှစ်လခန့်ကြာခဲ့ပြီ။

သူ၏မိခင်ဖြစ်သူသည် သူမျက်စိကွယ်ပြီး တစ်လမပြည့်မီတွင် ရုတ်တရက် သူ့ကို ထားသွားခဲ့သည်ဟု ဇာတ်လမ်းထဲတွင်ရေးသားထားသည်။ ဒုတိယနန်နီကိုလည်း တစ်ပတ်အကြာတွင် အသက်မဲ့ခန္ဓာအဖြစ်တွေ့ရှိခဲ့ရသည်။

မျက်မမြင်ဗီလိန်၏Exအဖြစ်ကူးပြောင်းခြင်း【MM Translation】Where stories live. Discover now