(16)

1.9K 271 20
                                    

(Unicode)

ဟယ်ကွမ်း တံခါးဘောင်ကို မှီနေလိုက်သည်။ အသွားအပြန်ခရီးအနည်းငယ်ကပင် သူ့ကို ပင်ပန်းစေသဖြင့် ချက်ချင်းလှဲအိပ်လိုက်ချင်သည်။ ထို့နောက် ဟယ်ကွမ်းသည် လက်ကိုင်ဖုန်းကိုထုတ်လိုက်ပြီး ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်သည်။

"ဟဲလို"

“မင်္ဂလာပါ လျှပ်စစ်ဓာတ်အားဖြန့်ဝေရေး ကုမ္ပဏီကပါခင်ဗျာ...ကျွန်တော်တို့ ဘာကူညီပေးရမလဲခင်ဗျာ?"

"ကျွန်တော့်အိမ်မှာ လျှပ်စစ်မီးမရလို့ နေ့ခင်းဘက်လောက် လာပြင်ပေးလို့ ရမလား"

“ကျေးဇူးပြုပြီး လိပ်စာလေး တစ်ချက်လောက် ပြောပေးပါခင်ဗျ...ကျွန်တော်တို့ရဲ့ နည်းပညာရှင်ကို ဒီနေ့ညနေ ၃ နာရီမှာ ရောက်လာဖို့ စီစဉ်ပေးပါ့မယ်။ အဆင်ပြေတယ်ပါရဲ့လားခင်ဗျာ?"

"ကိစ္စမရှိပါဘူး၊ လိပ်စာက အိမ်အမှတ် 300၊ ဟုန်ချောင်ခရိုင်၊ဟွိုင်မြို့"

“ကောင်းပါပြီ၊ နည်းပညာရှင်က ညနေ ၃ နာရီ မရောက်ရင် ဒီဖုန်းကိုဆက်လို့ရပါတယ်။ လျှပ်စစ်မီတာခများ ပေးချေခြင်းအပြင် တစ်ခြားဝန်ဆောင်မှုတွေကိုလည်း State Grid appမှတစ်ဆင့် လုပ်ဆောင်နိုင်ပါတယ်။ မင်းရဲ့ဖုန်းခေါ်မှုအတွက် ကျေးဇူးတင်ပါတယ်"

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်”

ဒိနေရာက တိတ်ဆိတ်လွန်းသဖြင့် စာရိုက်သံကိုပင် ကြားနေရသည်။ ဟယ်ကွမ်းက သူ့ကိုယ်သူပြောလိုက်သည်။
“State Grid App… ဒါက အရင်ကမ္ဘာနဲ့ မတူဘူး။ ပြည့်စုံတဲ့အပြင် တော်တော်လေးကောင်းသားပဲ…အမ်း…”

ထိုအချိန်မှာ လော့တုန့်ချန်က မျက်မှောင်ကြုတ်ပြီး စိတ်မသက်မသာဖြင့် မေးလာသည်။
“ဘယ်သူလဲ”

သူ့အသံက နိမ့်ပြီး စူးရှနေသည်။ အဲ့ဒီအသံက အမှောင်ထဲမှာ ပေါ်ထွက်လာတဲ့ ကြောက်စရာအသံလိုပင် လူတစ်ကိုယ်လုံးကို အေးခဲသွားစေသည်။  ထိုအေးစက်စက်အသံကိုကြားတော့ ဟယ်ကွမ်းက စာရိုက်တာကို ရပ်လိုက်တယ်။ လော့တုန့်ချန်သည် ထိုလူထိတ်လန့်သွားပြီး သူ့ကိုလှောင်ပြောင်လိမ့်မည်ဟု ထင်မိသည်။ သို့သော် သူ ထင်ထားသလို လှောင်ရယ်ခြင်းမခံရဘဲ မထင်မှတ်ထားသော အဖြေတစ်ခုကိုသာ ကြားလိုက်ရသည်။

မျက်မမြင်ဗီလိန်၏Exအဖြစ်ကူးပြောင်းခြင်း【MM Translation】Where stories live. Discover now