(Unicode)
ရေချိုးပြီးလို့ နှစ်ယောက်သား အဝတ်အစားလဲပြီးချိန်တွင် သန်းခေါင်ကျော်နေပြီ။
သွေးအလွန်အကျွံဆုံးရှုံးပြီးနောက် လော့တုန့်ချန်၏မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖျော့နေပြီး အစောပိုင်းကဲ့သို့ မဲမှောင်နေသည့်အမူအရာကို မဖော်ပြတော့ပေ။
ယယ်ကွမ်းက လော့တုန့်ချန်ကို အိပ်ရာပေါ် လှဲခိုင်းပြီး မေးလိုက်သည်။
"ခင်ဗျား မနက်စာ စားပြီးပြီလား။ ခင်ဗျားအခန်းထဲကိုပို့ထားတဲ့ ပန်းကန်ပြား ကွဲသွားတာ မြင်လိုက်တယ်"
လော့တုန့်ချန်က အသက်ပြင်းပြင်းရှူပြီး ကုတင်ပေါ်လှဲရင်း
"အမ်း...ထမင်းစားပြီးတော့ ငါ့အစ်ကိုကို အဲ့ဒါနဲ့ရိုက်လိုက်တာ"
"အခုမအိပ်နဲ့ဦး ကျွန်တော်တို့ခဏနေထမင်းစားတော့မှာ...ပြီးမှအနားယူ"
လော့တုန့်ချန်ရဲ့ မျက်ခုံးတွေ တွန့်သွားကာ
"ငါက လွယ်လွယ်နဲ့ မသေပါဘူး။ လက်ကောက်ဝတ် ဒဏ်ရာလေးပဲကို...ခဏအိပ်လိုက်ရင် မနာတော့ဘူး။ အိုး! မင်းက အခုမှတွေ့ဖူးတာမို့လို့ပါ...စိတ်မပူပါနဲ့"
"အိုး...ဟုတ်လား? ခင်ဗျားရဲ့အလောင်းကို ကျွန်တော်မထိန်းသိမ်းထားချင်ဘူး။ ခင်ဗျား ကိုယ့်ဘာသာပြန်မြင်နိုင်ရင် ခင်ဗျားပုံစံက အလောင်းထက် ပိုပြီးဖြူဖျော့နေတယ်ဆိုတာ သိလိမ့်မယ်။ ခေါင်းတလား ဝယ်တာကတစ်မျိုး၊ ခင်ဗျားရဲ့အလောင်းကို ကိုင်တွယ်ရတာက တစ်မျိုးဖြစ်နေမှာ...ကျွန်တော်တို့အိမ်မှာရှိတဲ့ တစ်ခုတည်းသော လက်ကို အသုံးချလို့မရဘူး။ ခင်ဗျားရဲ့အခေါင်းကို ကျွန်တော် သယ်ပေးမယ်လို့ မျှော်လင့်ထားလား။"
လော့တုန့်ချန် : "..."
ဟယ်ကွမ်း : "ခဏနေဦး ထမင်းစားပြီးတာနဲ့ ခင်ဗျားအိပ်လို့ရပြီ။ ကျွန်တော် မြန်မြန်လုပ်လိုက်မယ်။"
လော့တုန့်ချန် : "...ကောင်းပြီ"
ဟယ်ကွမ်းထွက်သွားပြီးနောက် လော့တုန့်ချန်သည် ကုတင်ပေါ်တွင် ထိုင်နေသည်။ ထို့နောက် သူ မျက်လုံးဖွင့်လိုက်သည်။ သူ၏မျက်လုံးများသည် အခြားလူသားများကဲ့သို့ပင် ကြည်လင်ပြတ်သားသော အရိပ်အယောင်များရှိပြီး အထူးသဖြင့် တောက်ပနေပါသည်။ လော့တုန့်ချန်သည် မှန်ထဲသို့ မကြာခဏ စိုက်ကြည့်လေ့ရှိသည်။ သို့သော် သူဘာမှ မမြင်ပေ။
YOU ARE READING
မျက်မမြင်ဗီလိန်၏Exအဖြစ်ကူးပြောင်းခြင်း【MM Translation】
FantasyTitle Transmigrated As the Ex of the Blind Villain Type Web Novel (CN) Author(s) 草履 Year 2022 Status in COO 99 Chapters++(Ongoing) Cover photo Pinterest