(5)

2.1K 301 6
                                    

(Unicode)

အဲဒါကိုကြားတော့ ရန်နင်က မျက်ရည်မကျဘဲ ငိုယိုပြီးပြောလာလေ၏။
"မဟုတ်ဘူး မင်းက ပညာရှိတစ်ယောက် ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ ငါနဲ့ ပရိသတ်တွေက မင်းကို အထင်လွဲနေကြတာပဲ"

"သူတို့က မင်းကို အအေးမိမှာဆိုးလို့ တစ်နေကုန် စိတ်ပူနေရပေမယ့် မင်းကတော့ ကောင်လေးတစ်ယောက်ကို ကယ်တင်ဖို့ ယွမ်သန်းငါးရာကို ပျော်ပျော်ကြီးသုံးလိုက်တယ်။ ပြီးတော့ မင်းတစ်ယောက်တည်း ခေါင်းခံမယ်ပေါ့လေ...အဲ့ဒီငွေတွေပြန်ဆပ်ဖို့ ဒီလေလံအိမ်ရဲ့ ကြမ်းပြင်ကို ဘယ်နှစ်နှစ်ကြာအောင် သုတ်ရမလဲ"

"မဟုတ်ဘူး၊ ငါမသွားနိုင်ဘူး။ ငါမင်းနဲ့အတူရှိမှရမယ်။ ပိုက်ဆံမရှင်းနိုင်ရင် ထောင်ထဲသွားရမှာလား???"
(TN:အပေါ်ကစကားတွေအကုန် ရန်နင်ပြောတာတွေပါ)

ဟယ်ကွမ်းက သက်ပြင်းချလိုက်ပြီး
"ငါစဉ်းစားထားတာရှိတယ်၊ မင်းငါ့ကို အခန်းထဲမှာပဲစောင့်နေ"

ရန်နင်က လဲပြိုကျပြီး အားကိုးရာမဲ့စွာ ပြောလာ၏။
"မင်းငွေရှာနိုင်မယ်လို့တွေးပြီး ငါ မင်းကို အခုထိ အကောင်းမြင်နေတုန်းပဲ။ သိပ်တော့မယုံဘူး အဲ့လိုမှမဟုတ်ရင်တော့ မင်းအသေပဲ..."

ဟယ်ကွမ်းက မျက်ခုံးပင့်လိုက်သည်။ တစ်ချို့လူတွေက သူ့ကို မယုံသေးပေ။ ဟယ်ကွမ်းက ပြုံးလိုက်ပြီး သူ့ရဲ့ချွန်ထက်တဲ့ သွားစွယ်တွေကို မြင်သာအောင်ပြလိုက်သည်။

"ဒါဆို ဒီမှာပဲနေပြီး ငါပိုက်ဆံပေးချေတာကို စောင့်ကြည့်နေ"

ဟယ်ကွမ်းက လက်ဖက်ရည်ခွက်တွေထားတဲ့ဗီရိုကို လက်ညှိုးထိုးပြပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
"အဲဒီမှာ သွားပုန်းပြီး အသံမထွက်နဲ့"

ရန်နင် "???"

ရန်နင်၏အရိုးစုသည် ကလေးတစ်ယောက်လို ပိန်လှီလှ၏။ ဒီလက်ဖက်ရည်ခွက်တွေထားတဲ့ ဗီရိုအရွယ်အစားက သူ့အတွက် သင့်တော်ပါသည်။ ဟယ်ကွမ်းက ရန်နင်ရဲ့မျက်နှာဖုံးကို ဗီရိုထဲကိုပစ်ထည့်လိုက်သည်။ ဗီရိုအတွင်း ထိုင်ချလိုက်ပြီးနောက် ရန်နင်က အပြင်ဘက်ကိုချောင်းကြည့်လိုက်သည်။ ပြီးတော့ အခန်းထဲမှာ ယောင်၀ါး၀ါးအရိပ်တစ်ခုကို သူမြင်လိုက်ရသည်။ အခန်းထဲ၌ ပြင်ဆင်ပြီးသောအခါ ဟယ်ကွမ်းသည် ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်သည်။

မျက်မမြင်ဗီလိန်၏Exအဖြစ်ကူးပြောင်းခြင်း【MM Translation】Where stories live. Discover now