(22)

1.2K 173 3
                                    

(Unicode)

ဟယ်ကွမ်းက အပြင်ထွက်ပြီး တက္ကစီတစ်စီးငှားလိုက်သည်။ ကားပေါ်တက်တော့ သူက ယာဉ်မောင်းကို ပြုံးပြုံးလေး နှုတ်ဆက်ပြီး
"အိုး...ခင်ဗျားပဲလား"

"...ဒီနေ့ အစောကြီးပါလား...ဒီအိမ်ကြီးမှာ ဘယ်သူနေတာလဲလို့ တွေးနေတာ...မင်းဖြစ်မယ်လို့ မထင်ထားဘူး"

"ဟုတ်တယ် ကျွန်တော် ဒီနေ့ အလုပ်ရှိလို့လေ"

ယာဉ်မောင်းက တက္ကစီကို စမောင်းလိုက်ပြီး
"မင်းက မြို့လယ်မှာ အလုပ်လုပ်တာလား၊ အဲဒါ တော်တော်ဝေးတယ်မဟုတ်လား"

ဟယ်ကွမ်း : "အလုပ်ကအလုပ်ပဲလေ"

အပြင်မှာ မိုးလင်းနေပြီ။ ကောင်းကင်က လိမ္မော်ရောင်အုံ့ဆိုင်းနေပြီး အပြာဖျော့ရောင်လေးများဖြင့် ရောယှက်နေလေ၏။ တောင်ပေါ်လေက အထူးသဖြင့် လန်းဆန်းစေသည်။ ဟယ်ကွမ်းသည် ပေါ့ပေါ့ပါးပါးဖြင့် လေရှူသွင်းလိုက်သည်။

ခရီးက တော်တော်ရှည်တာမို့ ကားသမားက စကားစမြည်ပြောလာ၏။
"အလုပ်ရှိတာ ကောင်းတယ်။ ငါ့သားလည်း ကောလိပ်ကနေ ဘွဲ့ရပြီး အလုပ်လိုက်ရှာနေတာ...ဒါပေမယ့်..."

ဟယ်ကွမ်း စိတ်ဝင်တစားနဲ့
"ဆက်ပြောပါ"

"ငါပြောတာကို မင်းမရယ်ဖို့မျှော်လင့်ပါတယ်။ သူက မင်းအသက်အရွယ်လောက်ပဲ...သင့်တော်တဲ့ အလုပ်ကို ရှာလို့ မရခဲ့ဘူး။ နောက်ဆုံးတော့ အလုပ်တစ်ခု ရသွားပေမယ့် သူဌေးရဲ့ ဇနီးနဲ့ ထိပ်တိုက်တွေ့မိလို့ အလုပ်ထုတ်ခံခဲ့ရတယ်"

မ​မေးသင့်သည့် အကြောင်းအရာကို ရှောင်လွှဲရင်း ဟယ်ကွမ်းက
"သင့်တော်တဲ့ အလုပ်တစ်ခုကို ရှာမတွေ့ဘူးလား?"

"ဟုတ်တယ် အလုပ်မရှာနိုင်လို့ သူ့အမေက သူ့ကို ဆူပူကြိမ်းမောင်းပြီး နောက်တော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်စလုပ်တယ်။ လက်ထဲမှာ ဘိလပ်မြေတွေနဲ့ တနေကုန် အလုပ်ရှုပ်နေတာ။ ငါ့ထက်တောင် ပိုညစ်ပတ်ပြီး အိမ်ပြန်လာရတယ်"

ခဏလောက်စဉ်းစားပြီးနောက် ဟယ်ကွမ်းက
"ဦးလေး သူ့ကို တခြားအရာတစ်ခုခုကို စမ်းကြည့်စေချင်ရင် ကျွန်တော့်ဆီလွှတ်လိုက်ပါ။ ကျွန်တော်မှာ ဝန်ထမ်းနည်းနည်းရှိတယ်"

မျက်မမြင်ဗီလိန်၏Exအဖြစ်ကူးပြောင်းခြင်း【MM Translation】Where stories live. Discover now