(12)

1.4K 215 2
                                    

(Unicode)

ရန်နင်က ပြောလာသည်။
"မင်း ငါနဲ့ ကုမ္ပဏီကို မပြန်ဘူးလား?"

“မင်းမှတ်မိဘူးလား? မနက်ဖြန် ဆယ်နာရီမှာ No Limitရဲ့ ပွဲဦးထွက်ပွဲရှိတယ်”

No Limit သည် “The Talents” ရှိုးအပြီး ပေါ်ထွက်လာသည့် အမျိုးသားအဖွဲ့၏ အမည်ဖြစ်သည်။ အဓိပ္ပာယ်က အကန့်အသတ်မရှိ ၀ါသနာနှင့်စွမ်းရည်ပြည့်၀ခြင်းပင်။

သူရုတ်တရက်သေပြီး မျက်လုံးဖွင့်လိုက်တော့ ဒီကမ္ဘာကြီးထဲကို ရောက်လာမယ်လို့ ဘယ်သူထင်မှာလဲ။

ဟယ်ကွမ်းက ပြောလိုက်သည်။
“ငါမှတ်မိပါတယ်။ မနက်ဖြန်  အချိန်မှီလာခဲ့မယ်။ Hot Searchဖြစ်စေမယ့်ဟာတွေ မဖန်တီးဘူး။ဘအဲ့ဒါကြောင့် စိတ်မပူပါနဲ့ အိမ်ကိုပြန်လိုက်ပါ"

ကံကောင်းထောက်မစွာပင် မူလကိုယ်ခန္ဓာသည် တိတ်ဆိတ်သောလူမျိုးဖြစ်သောကြောင့် ရန်နင်သည် အများကြီးမမေးဘဲ ထွက်သွားခဲ့သည်။

ဟယ်ကွမ်းသည် တက္ကစီရောက်သောအခါ ကားထဲသို့ အမြန်ဝင်ကာ ထိုင်ခုံခါးပတ်ကိုဆွဲပြီး
"ဆရာ၊ အိမ်အမှတ်300၊ ဟုန်ချောင်ခရိုင်"

ဒရိုင်ဘာက အသက်မငယ်ပေ။ လိပ်စာကိုကြားတော့ ခေတ္တရပ်ပြီး
“အဲ့ဒီကိုဘာလုပ်သွားမှာလဲ”

ဟယ်ကွမ်းက
"ကျွန်တော့်အိမ်က အဲ့ဒီမှာဖြစ်နေလို့ မတတ်နိုင်ဘူးဗျာ"

ဒရိုင်ဘာအိုကြီးက
“ဟုတ်သားပဲ ဘာမှလုပ်စရာမရှိရင် ဘယ်သူက အဲ့ဒီကိုသွားမှာလဲ။ အဲဒီလမ်းက သွားရလာရမလွယ်ဘူး။ ဒီနေရာနဲ့လည်း ဝေးတယ်။ ယွမ်နှစ်ရာကျော် ကုန်နိုင်တယ်”

ဟယ်ကွမ်းက ပြောလိုက်သည်။
“အဲ့ဒါဆို မြို့တော်က မောင်းထွက်ပြီးမှ စျေးလေးရာ၊ငါးရာအထိ ထပ်တိုးရင် ကျွန်တော်မပေးဘူးနော်”

ဒါကိုကြားတော့ ဒရိုင်ဘာက ဈေးတိုးဖို့ ရည်ရွယ်ချက်ကို ဖုံးကွယ်ပြီး
“မင်းပြောတာကို ကြည့်စမ်း...ငါတို့ ကားသမားတွေက ကားမောင်းပြီး စကားပြောရတာ ကြိုက်တာပါကွ”

ဟယ်ကွမ်းက ပြုံးလိုက်သည်။ မတ်လဆိုတော့ နေသာပေမယ့် Taxiထဲမှာ အေးမြနေလေ၏။ အိမ်သည် မြို့တော်နှင့် ဝေးသောကြောင့် လမ်းတစ်လျှောက်တွင် လူအနည်းငယ်သာ ရှိတော့သည်။ ကောင်းကင်ကြီးက ပိုမိုပြာလဲ့လာပြီး လေထုက ပိုပိုပြီး မှုန်ဝါးလာသည်။ ဟယ်ကွမ်း ထိုင်ခုံပေါ်မှီပြီး မျက်လုံးလေးများကို မှိတ်ထားရင်း စဥ်းစားနေမိသည်။

မျက်မမြင်ဗီလိန်၏Exအဖြစ်ကူးပြောင်းခြင်း【MM Translation】Where stories live. Discover now