(6)

2.1K 312 1
                                    

(Unicode)

လော့ကျွင်းသော်ရဲ့လက်ထောက်က မျက်နှာဖုံးကိုချွတ်ပြီး မျက်မှန်တပ်ကာ တံခါးကိုဖွင့်လိုက်တယ်။ သူပုံစံက ရည်မွန်နေပြီး သိပ်မထူးခြားပေ။

လေလံမန်နေဂျာက "သခင်လေး၊ အခန်း ၂၈က အမျိုးသားက သခင်လေးလော့ကို လာတွေ့ဖို့ ဆန္ဒမရှိပါဘူးတဲ့" ဟု လေးလေးနက်နက်ပြောလိုက်သည်။

သူ့မှာ ပြောစရာတွေ ရှိသေးတာကို မြင်တော့ လက်ထောက်က သူ့မျက်မှန်ကို တွန်းတင်ပြီး “သူ ဘာပြောသေးလဲ” ဟု မေးလာသည်။

“သူရဲ့ မျိုးရိုးနာမည်က ဟယ်လို့ပြောတယ် ပြီးတော့ သူ့နာမည်ကကွမ်းတဲ့။ သခင်လေးလော့ကို တစ်ယောက်တည်း လွှတ်လိုက်ပါတဲ့"

လက်ထောက်က “ကျွန်တော် ဥက္ကဋ္ဌကို ပြောလိုက်မယ်၊ ခဏစောင့်ပါ”

လေလံမန်နေဂျာက နှစ်မိနစ်လောက်စောင့်ပြီး သူ့အင်္ကျီကို ကုတ်ဖဲ့နေချိန်မှာ လူတစ်ယောက်က တံခါးဖွင့်၀င်လာ၏။။

ထိုလူက လော့ကျွင်းသော်ပင်...

ချောမောသောမျက်နှာ၊ ဖိနှိပ်နိုင်သောအသွင်အပြင်နှင့် အရပ်ရှည်ရှည် လော့ကျွင်းသော်သည် ရုတ်တရက် ပြေးလာပြီး မန်နေဂျာရဲ့ ကော်လာကို ဆွဲကိုင်ရင်း "မင်း သူ့မျိုးရိုးနာမည်က ဘာလို့ ပြောလိုက်တာလဲ?! ဟယ်လား??! သူက ဘယ်လိုပုံစံလဲ!”

မန်နေဂျာက လော့ကျွင်းသော်၏လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်ပြီး “ဟုတ်…ဟုတ်…သူ့မျိုးရိုးက ဟယ်…သခင်လေး ပြောတာနဲ့တူတယ်…အတူတူပါပဲ…” လို့ ကမန်းကတန်းပြောလာလေ၏။

အဲဒါကို အတည်ပြုပြီးနောက် လော့ကျွင်းသော်က မန်နေဂျာကို လွှတ်လိုက်ပြီး တံခါးကို ဆွဲကိုင်ကာ ပြင်းပြင်းထန်ထန် ခေါက်လိုက်သည်။

မန်နေဂျာက သူ့တံတွေးကို မျိုချရုံမှတစ်ပါး အခြားမတတ်နိုင်ဟု တွေးနေမိသည်။

ဟယ်မျိုးရိုးနဲ့ လူငယ်လေးက ဘယ်သူများလဲ? လော့ကျွင်းသော်လိုလူကိုတောင် အရှက်ရအောင် ဘယ်လိုလုပ်နိုင်တာလဲ? ပြီးတော့ လေလံအတွက်လည်း သန်းငါးရာရှိသေးသည်။

ဟယ်ကွမ်း လက်ဖက်ရည်သောက်ပြီးတာနဲ့ တံခါးခေါက်သံကို ကြားလိုက်ရသည်။

မျက်မမြင်ဗီလိန်၏Exအဖြစ်ကူးပြောင်းခြင်း【MM Translation】Where stories live. Discover now