(27)

1K 113 6
                                    

(Unicode)

လော့ရိ သူ့စိတ်သူ စုစည်းလိုက်ပြီး
"ညီလေး၊ ရှင်းယွဲ့ကို ထိန်းချုပ်ဖို့ အပြင်လူကို ခိုင်းချင်နေတာလား? ငါက မင်းကို ရှင်းယွဲ့ကို ကယ်တင်စေချင်တာ...မင်းမအောင်မြင်ရင်တောင် ဘာမှမဆုံးရှုံးဘူးလေကွာ...အောင်မြင်ရင် ငါတို့နှစ်ယောက်လုံး အမြတ်ရမယ်။ ဟယ်ကွမ်းကို ကုမ္ပဏီ အမှုဆောင်တွေက ယုံမှာလား? တစ်ခုခု မှားသွားရင် မင်းကို အပြစ်တင်ကြလိမ့်မယ်။ မင်းကို အာဏာမဲ့ပြီး ကုမ္ပဏီကို အရည်အချင်းမရှိသူတွေနဲ့ ပူးပေါင်းလာဘ်စားနေတယ်လို့ စွပ်စွဲကြလိမ့်မယ် ... "

လော့ရိသည် စကားအားလုံးကို လော့တုန့်ချန်ဆီတိုက်ရိုက်ပြောလိုက်ပြီး ဟယ်ကွမ်းကို လျစ်လျူရှုကာ သူ့ခံစားချက်များကိုလည်း သဘာဝကျစွာ ထည့်သွင်းစဉ်းစားခြင်းမရှိပေ။

သူ့မှာ ချွေးတွေ တသီကြီး စီးကျနေပေမယ့် ဟယ်ကွမ်းက ကုမ္ပဏီအပေါ် ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေကို ညွှန်ပြရင်း အကျိုးအမြတ်တွေနဲ့ ဆွဲဆောင်ဖို့ စိတ်ကူးရှိသည်။

ဒါပေမယ့် လော့တုန့်ချန်က ဒီအန္တရာယ်တွေကို ဘာလို့ဂရုစိုက်ရမှာလဲ?
သူတို့အားလုံး အတူတူ ဆုံးရှုံးသွားရင်တောင် သူစိတ်မဆိုးဘူး။

"အစ်ကိုကြီး၊ ကျွန်တော် ကမ်းလှမ်းထားတဲ့အချက်တွေက မလုံလောက်ဘူးလို့ ထင်နေတာလား။ 20%က တကယ် မလုံလောက်ဘူးလား"

လော့ရိက အလျင်စလိုပြန်ပြောလာသည်။
"ဟုတ်တယ်...အိုး မဟုတ်ဘူး မဟုတ်ဘူး...လုံလောက်တယ်...လုံလောက်ပြီ"

"အစ်ကိုကြီးရဲ့ တုံ့ပြန်ပုံတွေနဲ့စကားတွေက နည်းနည်းကွဲလွဲနေသလိုပဲ"

လော့ရိက သူ့မျက်လုံးဆီသို့ အကြည့်ရောက်သွားသည်။

လော့တုန့်ချန်က ငြီးငွေ့တဲ့ပုံစံနဲ့
"ကျွန်တော် မျက်စိကန်းနေပေမယ့် ကျွန်တော့်နားက အဆင်ပြေနေသေးတယ်။ အစ်ကိုကြီးရဲ့လေသံက တုန်နေသလိုပဲ...ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို သံသယရှိနေတာလား။"

လော့ရိက တိတ်ဆိတ်နေခဲ့သည်။
မင်းကို ပိုက်ဆံကြောင့်နဲ့လက်ထပ်ခဲ့တဲ့ အနုပညာရှင်လေးကို ဘယ်သူကယုံမှာလဲ? သူ့ကို အရူးပဲယုံလိမ့်မယ်။

မျက်မမြင်ဗီလိန်၏Exအဖြစ်ကူးပြောင်းခြင်း【MM Translation】Where stories live. Discover now