"မင်း အခုချက်ချင်း ငါ့ဘေးကထွက်သွား!"
အံကြိတ်ကာ အော်လာတဲ့ ကျန်းဟာအို အသံအောက်မှာ ဘာလို့များ သူကြောက်သလို ခံစားနေမိတာလဲ ဟန်ဘင်းမသိတော့ ...
"ဘာ .... ဘာလဲ .... မထွက်သွားပါဘူး ... ထွက်သွားရင် ခုနက ခေါင်းဖြူက ငါ့ကိုပြော ... ပြောနေဦးမယ်"
"ဘာမှ မပြောဘူးမို့ မင်းသွားလိုက်ပါတော့ ... ငါတောင်းဆိုနေတာပါ .... ကျေးဇူးပြုပြီး ငါ သားကို စိတ်ပူနေရတဲ့အထဲ မင်းကြောင့်ပါ ခေါင်းမရှုပ်ပါရစေနဲ့"
"မသွားဘူးကွာ .... မင်း ဘာပြောပြော ငါမသွားဘူး"
"ဟား ...."
ကျန်းဟာအိုက စိတ်ရှုပ်သွားသလို ဆံပင်တွေကြား လက်ထိုးထည့်ကာ အပေါ် သပ်တင်လိုက်ရင်း
"ဒါဆိုလဲ စကားလာမပြောနဲ့ ... ဟိုဘက်ထောင့် ကပ်ပြီး ငြိမ်ငြိမ်ထိုင်နေလိုက်"
ထို့နောက် ဘာမှမပြောတော့ပဲ မျက်စိမှိတ်ချကာ နောက်ကျော မှီထိုင်လိုက်တော့ အလိုလို ခုံတစ်ဖက်သွားကာ ထို ဘေးတစောင်း ပုံရိပ်ကို ထိုင်ကြည့်နေမိသည် ..
အတိုခြုံးပြောရရင် အလွန်ပင်လှသည် .... ဘာတွေစားလို့ ဒီလောက်လှနေလဲ ဟန်ဘင်းမသိ ... ဒီလောက်လှတဲ့ ယောင်္ကျားလေးလဲ ဂျပန်မှာ နေတုန်းကတောင် ဟန်ဘင်း မမြင်ဖူးဘူး ....
ဂုတ်ထောက်စ ဆံပင်လေးတွေနဲ့အတူ နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်လေးတွေက ကပိုကယို ... ပန်းသွေးခြယ်နေသော ပါးမို့လုံးလုံး နှစ်ဖက် , မျက်လုံးမှိတ်ထားသဖြင့် ကော့တက်နေသော မျက်တောင်ရှည်များနဲ့အတူ ပန်းရောင်နှင်းဆီဖူးလို နှုတ်ခမ်းပါး ....
*အင်း တစ်ကယ့်ကို အဖေ ကြိုက်ချင်စရာလေးပဲ*
မျက်နှာအစိတ်အပိုင်းတွေ လိုက်ကြည့်ပြီးချိန် "ကျန်းဟာအို အတော်လှသည်" ဆိုတဲ့အချက် လက်ခံပြီးနောက် မျက်လုံးလွှဲရန် ပြင်လိုက်ပေမယ့် မျက်လုံးထောင့်က မြင်လိုက်ရတဲ့ အရာတစ်ခုကြောင့် ဟန်ဘင်း ဟာအို့ဆီ အကြည့်တွေ ပြန်ပို့လိုက်သည် ...
မြင်လိုက်ရတာ ဘယ်ဘက်လက်ကောက်ဝတ်မှ ပြတ်ရှရာ အမာရွတ်တစ်ခု ....