5

1K 154 45
                                    

"ဟာအို ဘာစား ......."

ဆေးရုံကနေ အိမ်ပြန်လိုက်ပို့ဖို့ ဟာအို့ကို အတင်းခွင့်တောင်းပြီး လမ်းရောက်တော့ ဘာစားချင်လဲ မေးမလို့ လှည့်ကြည့်ချိန် အိပ်မောကျနေတဲ့ ဟာအိုက ပါးစပ်လေး အနည်းငယ်ပွင့်လို့..

ဟန်ဘင်း တိုးတိုးလေး ရယ်မိတယ် ... ဟာအို့ အခုပုံလေးက အရမ်းချစ်စရာကောင်းနေတာ မဟုတ်ဘူးလား..

ဒီတိုင်း ထားပစ်ရမှာ နှမြောလို့ ဖုန်းထုတ်ကာ ဓာတ်ပုံရိုက်လိုက်တယ် ... ဟာအို သိရင်တော့ စိတ်ဆိုးမလားမသိဘူး..

အိမ်ရောက်တဲ့ထိ အိပ်မောကျနေဆဲ ဟာအို့ကို ဟန်ဘင်း မနှိုးရက် , ထိုင်ရင်းအိပ်နေတာက အညောင်းမိနေမလား တွေးမိပြီး ဒူးကနေမပြီး ပွေ့ချီကာ အိမ်ထဲခေါ်လာခဲ့လိုက်သည်..

"Ummm ~~"

အိပ်မက်မက်နေတာလား အေးလို့ပဲလားမသိ ဟာအိုက ချီထားတဲ့ဟန်ဘင်းရင်ဘတ်နားကို ခေါင်းပိုတိုးလာတော့ ဟန်ဘင်းမှာ ရယ်မိပြန်ရော....

အသည်းယားလို့ ခေါင်းလုံးလုံးကို ဖွဖွနမ်းရင်း အိပ်ခန်းဆီပဲ တိုက်ရိုက်ဦးတည်လိုက်တယ် ... ဟာအို့ကို ကုတင်ပေါ်ချပေးပြီးရင် သူက ဟာအို နိုးလာရင် စားဖို့ တစ်ခုခု လုပ်ရမယ်လေ ...

ဟာအို့ကို ကုတင်ပေါ် အသာလေးချကာ စောင်ခြုံပေးလိုက်သည်.... ညနေခင်း နေဝင်ချိန် အလင်းရောင်က ဟာအို့အခန်းထဲ ပျောက်ကြားဝင်ရောက်လာတဲ့အခါ မျက်လုံးစူးသွားသလို မျက်မှောင်ကြုံ့သွားတဲ့ ဟာအိုမျက်နှာပေါ် ဟန်ဘင်းလက်ကို အလျင်အမြန် ကာပေးလိုက်မိသည်...

ထိုအခါမှသာ မျက်ခုံးနှစ်သွယ်က ပြေလျော့သွားတာမို့ ဟန်ဘင်း လက်ကို မဖယ်နိုင် ... ,၁၅ မိနစ်လောက်ကြာပြီး ဟာအို မျက်လုံးတွေပေါ် နေရောင်မစူး တော့ဘူးဆို‌တာ သေချာတော့မှ ဟန်ဘင်း လက်ပြန်ဖယ်လိုက်ပြီး ဟာအို့ နဖူးကို ဖွဖွလေး နမ်းကာ ချစ်ရသူလေး နိုးလာရင်စားဖို့ မီးဖိုချောင်ဆီသွားလိုက်သည်....

ဟင်းချက်တတ်လားပြောရင် ဟင့်အင်း ... ဟန်ဘင်းဟင်းမချက်တတ်ပါ... ရပါတယ် YouTube က ကြည့်တာပေါ့ .. ရေခဲသေတ္တာ ဖွင့်ကြည့်လိုက်တော့ ရှိတာက ရေ ၂ ဘူးနဲ့ ကြက်ဥ ၅ လုံး , နောက် ဆိုဂျူ ၄ ပုလင်း...

vihollinenWhere stories live. Discover now