"ဟာအို ~"
အခုထိ အိပ်ရာပေါ်မှာ ပက်လက်လေး အိပ်ပျော်နေဆဲ ဟာအိုက ဟန်ဘင်း အသံကြားပုံမရ ...
"ဒီနေ့ အလုပ်မသွားဘူးလား?"
တမင်သက်သက် နား နားကပ်ကာ သွားပြောတော့ မျက်မှောင်လေးကြုံ့သွားပေမယ့် မျက်လုံးပွင့်မလာ...
"အိပ်ပုတ်လေး ... ထတော့လေ ..."
"Emmmm~~ မထချင်ဘူး"
ပြောရင်း တစ်ဖက်လှည့်ကာ ပြန်အိပ်ရန် ပြင်နေတဲ့ ဟာအို့ကို သူ့ဘက်ပြန်လှည့်လိုက်ရင်း ...
"အလုပ်သွားရမယ်လေကွာ .... မဟုတ်ရင် ဟိုနေ့ကလို နောက်ကျနေမယ်နော်"
"ဒီနေ့ မသွားတော့ဘူး ... ငါ ကိုယ်လက်တွေ ကိုက်ခဲနေလို့ ... ဂယူဘင်း ကို ဖုန်းဆက်ပေး"
ပြောရင်းဆိုရင်း ခေါင်းရင်းကို လိုက်စမ်းကာ ဖုန်းရှာနေတော့ "ဒီမှာ ဒီမှာ" လို့ ပြောရင်း ဘေးစားပွဲ အသေးပေါ်က ဖုန်းကို ဟန်ဘင်း ယူပေးလိုက်သည် ..
"ဆေးခန်းသွားမလား? ကိုယ်လက်တွေ ကိုက်နေတယ်ဆို"
"ဒီလိုပဲ ကိုယ်ဝန်ဆောင်သဘောအရ ဖြစ်တတ်တာနေမှာပါ .. ထားပါတော့ ငါ ဆက်အိပ်ဦးမယ်"
"Password ပြော ဟာအို ... ကိုယ်ဆက်လိုက်မယ်"
"1 လေးလုံး"
ပြောရင်းနဲ့ ဟန်ဘင်းလက်ဖဝါးကို ခေါင်းတင်အိပ်နေတဲ့ ဟာအိုက ကြောင်ကလေး အလား...
ဟန်ဘင်း အသည်းယားလွန်းလို့ ဟာအို့ ပါးကို နစ်ဝင်အောင် နမ်းမိတော့ "မလုပ်နဲ့~" လို့ ရန်တွေ့ရင်း အားမပါပဲ တွန်းထုတ်လေသည် ...
သဘောကျစွာ ရယ်လိုက်ရင်းနဲ့ ဟာအို့ ဖုန်းဖွင့်ကာ မှတ်ထားတဲ့ contact ရှာကြည့်တော့ ဂယူဘင်း နဲ့ ဟန်ဘင်း နံပါတ်သာ ရှိတော့ ဟန်ဘင်း စိတ်မကောင်းဖြစ်မိသွားတော့သည် ..
ဟာအိုက တစ်ကယ်ကို သူ့ဘဝကို တစ်ယောက်တည်း ဖြတ်သန်းလာခဲ့သည်ပဲ ...
ရပါတယ် ... အခုက စပြီး သူက ပျော်အောင် လုပ်ပေးမှာပေါ့..
ဟန်ဘင်း , ဂယူဘင်း ဖုန်းနံပါတ်ကို ဆက်လိုက်တော့ အချိန်အတော်ကြာတဲ့ထိ မကိုင် ... နောက်တစ်ခေါက် ထပ်ဆက်တော့မှ လာကိုင်ပေမယ့် ထူးလာတဲ့ "Hello" ဆိုတဲ့ အသံက အတော်ကို ရင်းရင်းနှီးနှီး..