"ဂယူ ... ဂယူဘင်း"
တုန်လှုပ်စွာ ခေါ်တွင်လာတဲ့အသံအဆုံးမှာ ဝုန်းဒိုင်းကြဲ အခန်းထဲ ဝင်သွားရင်း ရစ်ခီ့လက်ကို ဆွဲခေါ်မိတော့ ဂွန်းနု လက်က ဂယူဘင်းလက်ကို ပြန်ဆွဲလာသည်..
"ခင်ဗျားလက်ကိုလွှတ် ပတ်ဂွန်းနု"
"ဒါဆို မင်းလဲ ချွမ်ရွေ့ လက်ကိုလွှတ်လိုက် ကင်မ်ဂယူဘင်း"
"ဘာကိစ္စလွှတ်ရမှာလဲ? ကိုယ့်လူကိုယ် ပြန်လာခေါ်တာ ဘာဖြစ်လဲ?"
"ချွမ်ရွေ့က ရည်းစားမရှိဘူးလို့ ကိုယ်သိထားတာ .... ဘာကိစ္စနဲ့ မင်းလူဖြစ်မှာလဲ?"
"ဟက် ... ရှန်ချွမ်ရွေ့က အမြဲတမ်း ကျွန်တော့်အပိုင်ဖြစ်ခဲ့တာ....."
"တော်ကြပါတော့...!!!!"
ထွက်ပေါ်လာတဲ့ အသံပိုင်ရှင်ရစ်ခီကြောင့် အချင်းများနေကြတဲ့ ၂ ယောက် ငြိမ်သွားကြတော့သည် ..
"ဂွန်းနု... နောက်မှ ဆက်သွယ်လိုက်မယ်နော်"
"အင်း... ငါစောင့်နေမယ်"
ဂွန်းနုကို နှုတ်ဆက်နေတုန်းပဲ ဂယူဘင်းက ရစ်ခီ့ကို လက်ဆွဲခေါ်သွားလေသည် ..
ရစ်ခီလက်ကောက်ဝတ်ကို ဒေါသနဲ့ ဆုပ်ကိုင်ထားတာကြောင့် လက်ဟာ နီရဲနေပြီး ရစ်ခီလဲ အတော် နာနေလေပြီ ...
သို့သော် လောလောဆယ် ဘာစကားမှပြောချင်စိတ်မရှိတာမို့ ကြိတ်မှိတ်သည်းခံရင်းသာ ကားဆီရောက်တဲ့ထိ လိုက်လာခဲ့လိုက်သည် ..
ပြန်တဲ့ လမ်းတစ်လျှောက်လုံး လုံးဝစကားမပြောတဲ့ ဂယူဘင်းကြောင့် ရစ်ခီစကားစ ရန် ကြိုးစားလိုက်ပေမယ့် ကြိုသိနေတဲ့ ဂယူဘင်းက တားလေသည် ..
"အိမ်ရောက်မှစကားပြောကြမယ် ရှန်ချွမ်ရွေ့ ... မဟုတ်ရင် နှစ်ယောက်လုံး ကားမှောက်သေသွားလိမ့်မယ်"
အိမ်ပြန်ရောက်တာနဲ့ ရစ်ခီ့ကို ကားပေါ်က ဆွဲချရင်း အိမ်တံခါးဖွင့်ပြီးတာနဲ့ အိပ်ခန်းထဲ တရစပ်ဆွဲခေါ်သွားကာ တံခါးနား ရစ်ခီကို အရှိန်နဲ့ ဆွဲကပ်တော့ ရစ်ခီ ကျောအောင့်သွားမိသည်..
"အ့ !"
"ပြော ... ဘာကိစ္စနဲ့ ပြန်တွေ့နေတာလဲ!?"